အပိုင်း (၁၀၅၆)ရင့်သီးသော
ကောင်းကင်ထက်တွင် တန်ခိုးရှင်များစွာတို့က တိုက်ပွဲအား ကြည့်နေကြသည်။ ပထမတိုက်ပွဲတွင် ရွှမ်ယွန်အော့က အင်ပါယာ ရှားဘုံအတွက် ပထမဦးဆုံး အနိုင်ပွဲကို ရယူခဲ့သည်။ ဒုတိယ တိုက်ပွဲတွင် အင်ပါယာလီဘုံက သူတို့၏ ကိုယ်စားပြုသူကို နောက်ဆုံးမှ စေလွှတ်ရခြင်း ဖြစ်ရာ သူတို့က အနိုင်ရရန် သေချာသလောက် ရှိသည်။ ထိုအချိန်တွင် လီယောင်၏ဘေးမှ အနက်ရောင် ဝတ်စုံဖြင့် လူတစ်ယောက် ထွက်လာသည်။ တစ်ချက် ကြည့်ရုံမျှဖြင့် အလွန် စွမ်းအားကြီးသူ ဖြစ်ကြောင်း သိနိုင်သည်။
"ကောင်းယွင် ... သူ့ခေါင်းကို စတေးတဲ့ အနေနဲ့ ဖြတ်ယူလိုက် ..." လီယောင်က ယူချင်းထံသို့ အေးစက်စွာ ကြည့်ကာ ပြောသည်။ ရီဖူရှင်းသည် ပြည်နယ်ကိုးခုမှ အထက်ဘုံသို့ ရောက်လာသူဖြစ်ကာ နတ္ထိဘုံတိုက်ပွဲ၌ ပါဝင်ခဲ့သည်။ ထို့ကြောင့် သူ့အား အသက်ရှင်ရက် ပြန်မလွှတ်နိုင်ပေ။ ယခု သူက ယူချင်းအား ပွဲထွက် တိုက်ခိုက်စေရာ သူကလည်း သေချာပေါက် သတ်ဖြတ် ပေးရပေမည်။
"ကောင်းယွင် ..." ထိုနာမည်ကိုကြားလျှင် ဗိုလ်ချုပ်ထန် အပါအဝင် လူအများအပြားမှာ တုန်လှုပ် သွားကြသည်။ "ကောင်း" မျိုးရိုးနာမည်ဖြင့် လူအများအပြား ရှိကြသော်လည်း အင်ပါယာလီဘုံတွင် တန်ခိုးရှင်များ အားလုံး၏ အပေါ်တွင် ရပ်တည်နိုင်သော တစ်စုံတစ်ယောက်၏ မျိုးရိုးနာမည်မှာ "ကောင်း" ဖြစ်ပေသည်။ သူသည် အင်ပါယာလီဘုံ၌ လွန်စွာ နားလည် ကျော်ကြားကာ အင်ပါယာလီပြီးလျှင် အတော်ဆုံး တန်ခိုးရှင် ငါးဦးအထဲ၌ ပါဝင်သည်။ သူသည် ရှန့်ထိုစတုတ္ထအဆင့် ဖြစ်သော ပြန်လည် မွေးဖွားခြင်းအဆင့် တန်ခိုးရှင်ဖြစ်၏။ ယခု ဤလူသည် ထိုတန်ခိုးရှင်၏ မျိုးဆက် ဖြစ်နိုင်ချေ များပေသည်။
အင်ပါယာရှားဘုံနှင့် ဥဒေါင်း အင်ပါယာဘုံမှ တန်ခိုးရှင်များမှာ အခြေအနေ မကောင်းဟု လူအများအပြားက တွေးတော မိကြသည်။ အင်ပါယာရှားဘုံနှင့် အင်ပါယာလီဘုံတို့တွင်လည်း ဤတိုက်ပွဲတွင် ပါဝင် တိုက်ခိုက်စေသော လူငယ်မျိုးဆက် အများအပြား ရှိကြပေသည်။