အပိုင်း(၇၀၁)ထိုက်ဟန်တောင်ပေါ်တွင်
နဂါးပတ်တောင်၏ လခြမ်းအိမ်တော်တွင် ဂူတုံးလျိုက ရီဖူရှင်း၏ဘေးနားကို ရောက်လာကာ ပြောသည်... "ညီငယ်လေး... ငါ ထိုက်ဟန်တောင်ကို သွားမယ်"
အရာအားလုံးက သူ့ကြောင့် အစပြုခဲ့ရ၏။ ကျန်းရှာက ထိုက်ဟန်တောင်ကို ဦးတည် သွားနေသည်တွင် သည်ကိစ္စအား သူက အဆုံးသတ်ရန် ဖြစ်လာသည်။ ကျိရှမ်းကမ်းပါးနှင့် ကျန်းရှာတို့က ကိစ္စရပ်များအား နောက်ဆုတ်ရန် မရှိသည်တွင် သူက အဆုံးသတ်မှ ရပေတော့မည်။
သည်ကာလ တစ်လျှောက်လုံး၌ သူက မိမိကိုယ်တိုင်သာ တာဝန်ယူ အဆုံးသတ်လိုခဲ့၏။ သို့သော်လည်း ကိစ္စရပ်များက သူထင်ထားသလို ဖြစ်မလာခဲ့ပေ။
"ကျွန်တော်က ဂျီယူနဲ့ တခြားလူတွေကို စိတ်ပူတယ်... ကျွန်တော် ကိုယ်တိုင် သွားဖို့လိုတယ်" ရီဖူရှင်းက ပြောသည်။ ဂျီယူ၊ ယူရှမ်း၊ လို့လန်ရွှီ၊ ချိန်ချန်နှင့် တခြားလူများက ထိုက်ဟန်တောင်တွင် ရှိနေရာ သူတို့သာ တစ်စုံတစ်ခု ဖြစ်သွားပါက ရီဖူရှင်းက မိမိကိုယ်ကို ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။
"ဖူရှင်း" လူတစ်ယောက် ရောက်လာသည်။ သူကား ကျူးကော့ချန်းဖန် ဖြစ်သည်။
ရီဖူရှင်းက ကျူးကော့ချန်းဖန်ကို ကြည့်ကာ ပြောသည်... "တော်ဝင်ကျဲနန်းတော်က လာတဲ့ သတင်းတွေ အရ ကျန်းရှာကို ထိုက်ဟန်တောင်သို့ သွားအောင် တိုက်တွန်းတာ ပိုင်စီဖြစ်တယ်... ဒါကြောင့်ပဲ ပိုင်စီက အသတ်ခံရပြီးတော့ သတ်တဲ့လူက ရီဝူချင်း၊ ကျွေ့ချိန်ချူနဲ့ စုချွဲတို့ဖြစ်နိုင်ဖွယ် အရှိဆုံးလို့ ကြားတယ်... သူတို့သုံးယောက်က တော်ဝင်ကျဲနန်းတော်က ထွက်ပြေးသွားကြပြီ"
"ပိုင်စီ" သူက ထိုနာမည်ကို ကြားသည်တွင် ရီဖူရှင်း၏မျက်လုံးက အေးစက်သော အငွေ့အသက်များ လွှမ်းခြုံသွား၏။ တစ်ဖက်ကလည်း ရီဝူချင်းတို့အတွက် လွန်စွာ စိုးရိမ်သွားသည်။ ရီဝူချင်းတို့က သူ့ပြဿနာထဲ ပါဝင်ပတ်သက်မိ ပြန်ချေပြီ။
"ယန်ဟောင်ကို မင်းနဲ့ ခေါ်သွား" ကျူးကော့ချန်းဖန်က ပြောသည်။