စာစဉ် (၁၃၃)

1K 34 1
                                    

အပိုင်း(၁၈၈၈):ကျွင်းချိုးယွင်

"ကျွင်းကလန်ဝင်တစ်ယောက်..." ရီဖူရှင်းဘေးမှ အင်ပါယာဟယ်လျန်က သူ့အား စိတ်ဖြင့် လှမ်းပြောသည်။ သူတို့က ဖန်းလိုင်ကုန်းမြေသို့ မရောက်ခင်က သူတို့သည် ဖန်းလိုင်ကုန်းမြေမှ ထိပ်သီးအင်အားစုများအကြောင်းကို အတိုချုံးပြောခဲ့ကြ၏။ ၄င်းတို့အထဲတွင် ကျွင်းကလန်သည်လည်း တစ်ခုအပါအဝင်။ ပုံမှန်အားဖြင့် ကျွင်းချိုးယွင်သည် ကျွင်းကလန်၏သခင်လေးတစ်ဦးဖြစ်သည်။

ရီဖူရှင်းက တစ်ဘက်လူအား ကြည့်သည်။ သည်ကျွင်းချိုးယွင်သည် သူနှင့်အသက်တူခန့်လောက်ရှိရာ ကျင့်ကြံဆင့်မှာလည်း အတူတူနီးပါးဖြစ်ပေမည်။ ပုံမှန်အားဖြင့် သူ၏အရှိန်အဝါနှင့် ဖြစ်တည်မှုမှာ ထူးခြားကောင်းမွန်ပေသည်။ မဟုတ်လျှင် သူက အရှေ့နတ်ဘုရားတံဆိပ်များအား အများအပြား ဝယ်ယူကာ ရီဖူရှင်းအား သူ့လက်အောက်သို့ ဆွဲသွင်းရန် အားထုတ်မည် မဟုတ်ပေ။

သူ၏သဘောအား ခန့်မှန်းရန် မခက်ခဲချေ။ ကျွင်းချိုးယွင်သည် အရှေ့နတ်ဘုရားတံဆိပ်များအား အသုံးပြုကာ လူတစ်စုနှင့်အတူ ရီဖူရှင်းအား ခေါ်ကာ အရှေ့နတ်ဘုရားကျွန်းစုသို့ သွားလိုသည်။ အရှေ့နတ်ဘုရားတံဆိပ်တစ်ခုသည် လူဆယ်ယောက်အား ခေါ်သွားနိုင်သည်။ အကယ်၍ သူသည်သာ တံဆိပ်အများအပြားကို စုဆောင်းနိုင်ပါက လူအမြောက်အများကို ခေါ်ဆောင်သွားနိုင်မည်မှာ သဘာဝဖြစ်သည်။ နောက်လိုက် တချို့ကို စုဆောင်းခြင်းဖြင့် သူသည် အရှေ့နတ်ဘုရားကျွန်းစုသို့ ဝင်ရောက်သောအခါ သေချာပေါက် အင်အားကြီးအုပ်စုတစ်ခု ဖြစ်လာပေလိမ့်မည်။

ကြည့်ရသည်မှာ ထိပ်သီးအင်အားစုများသည် အရှေ့နတ်ဘုရားကျွန်းစုသို့ ဝင်ရောက်ရန် ပြင်ဆင်နေကြခြင်းဖြစ်ဟန်တူသည်။

"မလိုဘူး။ ကျုပ်က ငရဲကြာပန်းကို အရင်ဆုံးတွေ့တာ။ ခင်ဗျား ကျုပ်အတွက် ထားပေးခဲ့လို့ မရဘူးလား" ရီဖူရှင်းက ကျွင်းချိုးယွင်ကို ပြုံးလျှက်ပြောသည်။ သူက ဒေါသမထွက်ဘဲ ယဉ်ကျေးစွာ ပြောသည်။

"နည်းနည်းလေးတောင် မစဉ်းစားတော့ဘူးလား" ကျွင်းချိုးယွင်က မေးသည်။ သူက သူ့ဘေးမှ တခြားသော တန်ခိုးရှင်များအား ပြောသည် "အရင်နေ့တွေက ကုန်းမြေအများအပြားက တန်ခိုးရှင်တွေဟာ ဖန်းလိုင်ကို လာရောက်စုရုံးကြတယ်။ ခင်ဗျားလည်း ဒီလိုပဲလို့ ကျုပ်ယူဆတယ်။ ကျုပ်နဲ့အတူ လာတဲ့သူတွေဟာ အနယ်နယ်အရပ်ရပ်က ကျင့်ကြံသူတွေပဲ။ ကျုပ်တို့ အတူတူသွားရင် အချင်းချင်း ကူညီရိုင်းပင်းနိုင်တာပေါ့"

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}حيث تعيش القصص. اكتشف الآن