အပိုင်း (၄၇၁) အထောက်အပံ့
လောင်မူအတွက် သင်ခန်းစာတစ်ခု ရခြင်းမှာ ကောင်းသော အချက် ဖြစ်သည်ဟု သခင်မလောင်က ပြောရာ ထိုကိစ္စအတွက် ရီဖူရှင်းကို အပြစ်မတင်ဟု ဆိုလိုသည်။ သို့သော် သူမနှင့် လင်းအာ၏ အဖေက လောင်မူကို မည်သို့ သဘောထားသည် ကိုလည်း ပြောသည်။ ဆိုလိုသည်က ရီဖူရှင်းက သူ ဘာလုပ်သည်ကို နားလည်ရမည်။ ရီဖူရှင်းက လောင်မူကို သဘောမကျသည့်တိုင် သိပ်အလေးအနက် မထားသင့်။ သူက လောင်မူကို စိတ်ဆိုးသော အချိန်တွင် ရိုက်နှက်ခြင်းက နောက်ဆုံး အတိုင်းအတာ ဖြစ်သည်။
"အဲဒီက မင်း ဘာရခဲ့တယ် ဆိုတာကို ပြောသင့်တယ်... ဟုတ်တယ်မလား..." သခင်မလောင်က ရီဖူရှင်းကို ကြည့်သည်။
"ဟုတ်ကဲ့..." ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်က အလင်းတန်းသုံးခု ထွက်ပေါ် လာသည်။ ချက်ချင်းပင် ကောင်းကင်၏ အရောင်က ပြောင်းလဲသွားကာ နေ၊ လနှင့် ကြယ်တာရာများ ပေါ်ထွက်လာသည်။
ပုံရိပ်သဏ္ဌာန်သုံးခုကို ကြည့်ကာ သခင်မလောင်က အလွန် ထိတ်လန့် အံ့အားသင့်ရသည်။
ထို့နောက် ရီဖူရှင်းက ထိုနေရာတွင်ပင် ရပ်ကာ တိတ်ဆိတ်စွာ ရပ်နေသည်။ ရီဖူရှင်းက နဝမဘုံကို တက်ရောက်ခဲ့သည်ကို သခင်မလောင်က သိသွားပြီဖြစ်ရာ ဤလျှို့ဝှက်ချက်အား ထုတ်ပြခြင်း ဖုံးကွယ်ခြင်းက သိပ်မကွာခြား တော့ပေ။ ထို့အပြင် သူ၏ လေ့လာ အကဲခတ်မှုအရ သခင်မလောင်၏ စိတ်နေ သဘောထားကာ ကောင်းမွန်ကာ သူ့အား မကောင်းကြံမည် မဟုတ်ဟု ခံစားနေရသည်။
"အဲဒါ ဘာလဲ..." သခင်မလောင်က မေးသည်။
"သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံရဲ့ နန်းတော်ထဲမှာ ကောင်းကင် အလင်းတန်းသုံးခု ရှိတယ်... ပိုင်ရှင်က ထိပ်သီးကျောင်း သုံးကျောင်းရဲ့ တည်ထောင်သူပဲ..." ရီဖူရှင်းက ပြန်ပြောသည်။ သူရိယနေမင်း၊ စန္ဒာငွေလမင်း၊ ကြယ်မင်း။
ထိပ်သီးကျောင်း သုံးကျောင်းတို့ကား ယခင်က တစ်ကျောင်းတည်း ဖြစ်သည်။ သခင်မလောင်က ထိုအချက်ကို ကောင်းကောင်း သိသည်။ သခင်မလောင်၏ မျက်လုံးများက ရီဖူရှင်းကို ကြည့်ကာ လေးနက်စွာ တွေးတောနေဟန် ရသည်။