အပိုင်း ၄၁၁ မှ ၄၂၀ အထိ

1.5K 56 0
                                    

အပိုင်း (၄၁၁)တတိယနေရာကိုဘယ်သူယူမလဲ

ယူချင်းက ယွန်ယွဲ့စင်မြင့်ပေါ်တွင် ဝင့်ကြွားစွာ ရပ်နေသည်။ ထိုအခိုက်တွင် လူတိုင်းက သူ့အား ခြားနားသော အကြည့်ဖြင့် ကြည့်နေကြသည်။ သူက မိစ္ဆာသွေး လက်ဝါးနေ့ယွန်ကို ထိုမျှ မြန်ဆန်စွာ အနိုင်ယူခဲ့သည်။ သူက ဘယ်လောက်တောင် အားကောင်းသလဲ...။

သည်မတိုင်မီက ရီရှောင်က စွမ်းအားအမြင့်ဆုံး ဖြစ်ရမည်ဟု လူတိုင်းက တွေးထင်ခဲ့ကြသည်။ သို့သော်လည်း ကြည့်ရသည်မှာ စွမ်းအားအမြင့်ဆုံး အကူကား စင်မြင့်အလယ်မှ နတ်ဘုရားအလား လူငယ်ပင် ဖြစ်ရပေမည်။

စင်မြင့်အောက်တွင် ချန်းဖန်က တိုက်ပွဲတစ်ခုလုံးကို မြင်လိုက်ရသည်။ ထိုအခိုက်တွင် သူ၏ မျက်နှာက ကြီးစွာ ပျက်ယွင်း သွားသည်။ ရီဖူရှင်းတို့က တမင် အဘယ်ကြောင့် အရှုံးမခံလိုသည်ကို သူနားလည် လိုက်သည်။

သူတို့တွင် ယူချင်း ရှိနေမှတော့ အဘယ်ကြောင့် အရှုံးခံရမည်နည်း...။ ရီရှောင်က အတော်ဆုံးဟု မည်သူက ပြောသနည်း...။ အကယ်၍ ယူချင်းက နောက်ဆုံး တိုက်ပွဲတွင် ပါဝင် တိုက်ခိုက်ပါက ရလဒ်က ကွဲပြားခြားနား သွားမည်ဖြစ်ကာ ချန်းဖန်ကလည်း ပြိုင်ပွဲမှ ထွက်ရမည် မဟုတ်ပေ။

ဝမ်မိသားစုဘက် ပွဲကြည့်စင်ပေါ်တွင် တန်ခိုးရှင်များ အားလုံးက အံ့အားသင့် နေကြသည်။ ခေါင်းဆောင်၏ မျက်လုံးများကပင် အရောင်များ လက်နေကာ သူတို့က ပြိုင်ပွဲရလဒ် မည်သို့ဖြစ်ပါစေ ယူချင်းအား ဝမ်မိသားစုထဲသို့ ဝင်ရန် ဆွဲဆောင်ရမည်ဟု တွေးတောနေသည်။ ယူချင်းက မွေးရာပါ ကြီးမားသန်စွမ်းသော အားအင်များဖြင့် ပါရမီရှင်ဖြစ်ပြီး နောင်တွင် အလွန် အားကောင်းသော တန်ခိုးရှင် ဖြစ်လာမည်မှာ သေချာနေသည်။ ယူချင်းက မည်သည့် တိုက်ကွက် နည်းစနစ်မှ မသုံးဘဲနှင့်ပင် သူကား ပြိုင်ဘက်ကင်း နေလေပြီ...။ ထိုနည်းစနစ်များကို အသုံးပြုပါက သူက မည်မျှ အားကောင်း လာမည်နည်း...။

ဝမ်မိသားစု ခေါင်းဆောင်က သူ့အောက်နားမှ ဝမ်လင်းဖန်ကို ကြည့်ကာ ပြောသည်... "ဝမ်လင်းဖန်... အရမ်းကောင်းတယ်..." ဝမ်လင်းဖန်က အရိုအသေပေးကာ ပြန်ပြောသည်... "ကျေးဇူးတင်ပါတယ်... ခေါင်းဆောင်..."

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Où les histoires vivent. Découvrez maintenant