အပိုင်း(၇၁)လိမ္မာစေခြင်း
သိုင်းပညာ ကျောင်းဆောင်မှ လူများက လျှောက်လာပြီး ဝန်ကြီးချုပ်ကျိုအား နှုတ်ဆက်လိုက်ကြသည်... "ဝန်ကြီးချုပ်ကို နှုတ်ဆက်ပါတယ်..."
ဝန်ကြီးချုပ်ကျိုက ခေါင်းညိတ်လိုက်သည်။ ဓားခန်းမသခင် လင်ရှန်းဖန်က ရီဖူရှင်းအား မေးလိုက်သည်... "မင်း ဒီမှာ ဘာလုပ်နေတာလဲ..."
"စီနီယာ အစ်မချင်က ဒီမှာ ဘာလုပ်နေတာလဲ..." ရီဖူရှင်းက သူ၏မေးခွန်းအား မဖြေပေ။ လင်ရှန်းဖန်က ဘေးနားမှ လူများအား ကြည့်လိုက်သည်။
"ဒါ..." သည်အခြေအနေကို သူ မည်သို့ ဖြေရမည် မသိပေ။
"သူမက ရှင့်ရဲ့စီနီယာ အစ်မလား..." မိန်းကလေးက နှုတ်ခေါင်းရှုံ့လိုက်သည်။ ထို့နောက် ရီဖူရှင်းအား ပြောလိုက်သည်... "သူမက ငါ့ရဲ့အစေခံအနေနဲ့ ရှိနေတာ ရက်အတော်ကြာပြီ... သနားစရာ ကောင်းတာက သူမက တခြားလူတွေကို ဘယ်လို ပြုစုရမယ်ဆိုတာ မသိဘူး... နင်က ငါ့လက်အောက်ကို လာမယ် ဆိုရင်တော့ ငါက သူမကို လွှတ်ပေးလိုက်မယ်... ဘယ်လိုလဲ..."
"မင်းလုပ်တာလား..." ရီဖူရှင်းက သူမအား ဒေါသတကြီး ကြည့်လိုက်သည်။
"ရီဖူရှင်း... ငါ အဆင်ပြေတယ်..." ချင်ယီက ပြောကာ သူ၏အင်္ကျီစအား ဆွဲထားသည်။
"ဒါပေမဲ့ ကျွန်တော် အဆင်မပြေဘူး... အစ်မချင်..." ရီဖူရှင်းက ချင်ယီအား ကြည့်လိုက်သည်။ သူက သူမ၏လက်အား ဖယ်လိုက်ပြီး တစ်ချိန်တည်းမှာပင် အနီဝတ် မိန်းကလေးထံသို့ လျှောက်သွားလိုက်သည်။ သူ၏အမူအရာကား အေးစက်နေသည်။ ထို့အပြင် သူကား အလွန် ဒေါသထွက်နေသည်။ ရီဖူရှင်းအား ထိုသို့မြင်လျှင် အနီဝတ်မိန်းကလေး အနည်းငယ် ထိတ်လန့်သွားသည်... "ရှင် ဘာလိုချင်တာလဲ..."
"နင်က ထပ်ပြီး တိုက်ခိုက်ချင်တယ်လို့ မပြောခဲ့ဘူးလား... အခု ငါမင်းဆန္ဒကို လိုက်လျောပေးမယ်..." သူက ပြောလိုက်သည်။ ထို့နောက် သူ၏ခြေလှမ်းများ မြန်လာကာ အနီဝတ် မိန်းကလေးထံသို့ ပြေးဝင်လိုက်သည်။
"ရှင် ရူးနေပြီလား..." ရီဖူရှင်းက သူမထံ ဝင်လာနေသည်ကို မြင်သော်လည်း သူကား အလွန် လျင်မြန်လှရာ သူမက ခုခံရန် အဆင်သင့်မဖြစ်မီမှာပင် လက်ဝါးရိုက်ချက် တစ်ချက်က သူမထံ နီးကပ်လာသည်။ မိန်းကလေးက ထိုလက်ဝါးချက်အား ကာကွယ်ရန် စွမ်းအင်များအား စုစည်းလိုက်သော်လည်း လက်ဝါးက အကာအကွယ်အား အလွယ်တကူ ကျော်ဖြတ်ကာ သူမ၏ရင်ဘတ်အား ထိလေသည်။ ဘန်းခနဲ မြည်သံနှင့်အတူ အနီဝတ်မိန်းကလေး အနီးရှိ ပိတ်ထားသော တံခါးထံသို့ လွင့်စဉ်သွား၏။ သူမ၏ခန္ဓာက တံခါးပေါက်နှင့် ရိုက်မိကာ မြေပြင်ပေါ်သို့ လဲပြိုသွားလေသည်။