အပိုင်း ၄၉၁ မှ ၅၀၀ အထိ

1.4K 58 1
                                    

အပိုင်း(၄၉၁) လက်မည်းများ

ရီဖူရှင်း၏ အမိန့်ဖြင့် လူတချို့က နတ်ဗိမာန် အိမ်တော်၏ ဂိတ်တံခါးကို စောင့်ကြပ်ကြသည်။ ရီဖူရှင်းက သူ့အား စိုက်ကြည့် နေသည်ကို မြင်သည်တွင် ကျင့်နန်က စိုးရိမ်စိတ် ဝင်လာသည်..." မင်း ဘာလုပ်ချင်လို့လဲ..."

"ငါမရောက်ခင် သူ ဘာပြောခဲ့လဲ..." ရီဖူရှင်းက စိန့်ယွီကို မေးသည်။ သူက နောက်ဆုံး စကား အနည်းငယ်ကိုသာ ကြားခဲ့သည်။

"သူတို့နှစ်ယောက်က ဒီက မိန်းကလေး တစ်ယောက်ဆီ လာကြတာ... ဒါပေမဲ့ သူက ဒီကို ရောက်ကတည်းက အဲဒီမိန်းကလေးကို စော်ကားနေတယ်... ဒါကြောင့် သူ့ကို ဒီက ထွက်သွားဖို့ တောင်းဆိုနေတာ... ဒါပေမဲ့ ကျွန်မက ဒီနေရာကို ရလာတာက မဟုတ်တဲ့ နည်းတွေနဲ့လို့ ပြောနေတယ်..."

စိန့်ယွီက ခေါင်းငုံ့ သွားသည်တွင် သူမဆိုလိုသော သဘောကို ရီဖူရှင်းက နားလည်လိုက်သည်။

ရီဖူရှင်းက ကျင့်နန်ကို စိတ်ပျက် ရွံရှာစွာ ကြည့်သည်။ ကျင့်နန်က သူ့အား အကြိမ်များစွာ စော်ကားခဲ့သော်လည်း ရီဖူရှင်းက သူ့အား လျစ်လျူရှု ထားသည်။ ကျင့်နန်က သည်မျှ သူ့ကို တွယ်ကပ်ကာ ပြဿနာ ရှိနေမည်ဟု ရီဖူရှင်းက မထင်ထားပေ။

"ငါဘာမှ မလုပ်ရသေးဘူးလို့ ပြောနေတယ်..." ရီဖူရှင်း၏ အေးစက်သော အမူအရာကို မြင်သည်တွင် သူက စိတ်မတည်မငြိမ် ဖြစ်လာသည်။ မည်သို့ဆိုစေ ရီဖူရှင်းက ချန်းဝမ်ကိုပင် အနိုင်ယူနိုင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် ကျိုက်ရှင်းအိမ်တော် ခရီး၌ ရီဖူရှင်း၏ စွမ်းဆောင်ရည်များ ကိုလည်း ကြားထားသည်။ သူက ရီဖူရှင်းကို မယှဉ်နိုင်သည်ကို ကျင့်နန်က သိသည်။

"မင်းက ဒါကို ဘယ်လို ဖြေရှင်းချင်လဲ..." ရီဖူရှင်းက ကျင့်နန်ကို မေးခွန်းထုတ်သည်။

"ကျုပ်က တောင်းပန်ပြီး ထွက်သွားမယ်..." ကျင့်နန်က ပြန်ပြောသည်။

စိန့်ယွီက အေးစက်စွာ တစ်ချက် ရယ်သည်။ ဝမ်ယွီချန်းကလည်း စိတ်ပျက်စွာ ကြည့်သည်။ ယခုကျင့်နန်က ဘယ်လောက်တောင် ရွံစရာ ကောင်းသလဲဟု သူမတွေးသည်။ တစ်ချိန်က ထိုသို့သောလူကို လေးစား အားကျမိသော အဖြစ်ကိုလည်း စိတ်ပျက်ရသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Donde viven las historias. Descúbrelo ahora