အပိုင်း ၅၅၁ မှ ၅၆၀ အထိ

1.3K 56 8
                                    

အပိုင်း (၅၅၁)ပြည့်စုံသောလူ

"ကျုပ်တော့ အဲဒီလို မမြင်ဘူး..." ရုတ်တရက် ဥပဓိရုပ် ခန့်ညားသော လူကြီးတစ်ယောက်က ပြုံးလျက် ပြောသည်... "ယန်နန်က ဒီမတိုင်ခင် ကောင်လေး တစ်ယောက်ကို စိန်ခေါ်ပြီးတော့ စကားအားဖြင့် စော်ကား ပြောဆိုခဲ့တယ်... ပြီးတော့ သူက တိုက်ပွဲမှာ ပြိုင်ဘက်ကို သတ်ဖြတ်ချင်တာက သိသာနေတယ်... သူသာ အခွင့်အရေးရရင် ရီဖူရှင်းနဲ့ ရီဝူချင်းကို သတ်ဖို့ ကြိုးစားမှာပဲ...ကြည့်ရတာ သူတို့အကြား ရန်ငြိုးတစ်ခုခု ရှိနေပုံပဲ..."

"ယန်နန်က သူလုပ်ချင်တာကို လုပ်နိုင်စွမ်း မရှိခဲ့ဘူး... ရီဖူရှင်းရဲ့ တုံ့ပြန်မှုက မှားတယ်လို့ ကျုပ်က မထင်ဘူး... အာရုဏ်လမ်းမှာ ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောရရင် ဒါကို တော်ဝင်ကျဲ နန်းတော် ဦးစီးကွပ်ကွဲပြီး လုပ်တာဖြစ်လို့ အာရုဏ်လမ်းထဲက ဖြစ်ပျက်ခဲ့သမျှက တော်ဝင်ကျဲ နန်းတော်ရဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း ဖြစ်ခဲ့တာလို့ ပြောလို့ရတယ်..." လူကြီးက ရီဖူရှင်းကို ကြည့်ကာ မေးသည်... "မင်း ငါ့ကျွန်းကို လာချင်သလား..."

လူအများအပြားက ထိုလူကြီးကို တည်ငြိမ်စွာ ကြည့်ကြသည်။ သည်မတိုင်မီ ရှီတန်ခိုးရှင် နှစ်ယောက်က ရီဖူရှင်းအတွက် အဘယ်ကြောင့် ခက်ခဲအောင် လုပ်လိုသည်ကို သူတို့အားလုံး နားလည်ကြသည်။

လှေကားထစ်ပေါ်မှ အကြီးအကဲက ခေါင်းညိတ်သည်... "မင်း လက်ခံမလား..."

ရီဖူရှင်းက ထိုလူကြီး ရှိနေရာဘက်ကို ကြည့်သည်။ ထို့နောက် အသာအယာ ဦးညွှတ်ကာ ပြောသည်... "စီနီယာကို ကျေးဇူးတင်ပါတယ်... ကျွန်တော်က ကွင်းထဲမှာ ဆက်နေပြီး တိုက်ခိုက်ချင် ပါသေးတယ်..."

"ကောင်းပြီ..." ထိုလူကြီးက ပြုံးလျက် ခေါင်းညိတ်သည်။

"ကျေးဇူးတင်ပါတယ်..." ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူက တိုက်ပွဲကွင်း အလယ်မှ နောက်ဆုတ်ကာ နဂိုနေရာသို့ ပြန်သွားသည်။

သူက အမှန်တကယ် ငြင်းပယ်ခဲ့သည်။ လူအများအပြားက အံ့အားသင့် ကြရသည်။ ရီဖူရှင်းကား အကာနာ အဆင့်မျှသာ ရှိသေးကာ ထိုအခွင့်အရေးအား မဆုပ်ကိုင်ခဲ့ပေ။ ကြည့်ရသည်မှာ သူက ပင်မနန်းတော်ကို သွားလိုနေသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Donde viven las historias. Descúbrelo ahora