စာစဉ် (၉၉)

1.4K 43 11
                                    

အပိုင်း(၁၄၁၆)အပြင်ဘက်သို့ ထွက်ခြင်း

မှော်ဝိဇ္ဇာနှင့် နောက်ဆုံးတွေ့ခဲ့သူက ရီဖူရှင်း ဖြစ်နေခဲ့သည်မှာ အမှန်တကယ် မတော်တဆပေလော။

သူ့ကို အမှန်တကယ် မသိရှိသူဖြစ်ပါက သူ့တွင် အလွန် ပါရမီအရည်အချင်း ရှိနေလျှင်ပင် သူ့ကို မည်သည့် သံသယမှ ဝင်မည် မဟုတ်ပေ။ မှော်ဝိဇ္ဇာက အလွန် စွမ်းဆောင်နိုင်သော လူတစ်ယောက်ဖြစ်ပြီး နတ်ဆိုးဘုံတွင် အလွန် လေးစားခံရသူ ဖြစ်သည်။ မှော်ဝိဇ္ဇာသည် မယုံကြည်နိုင်လောက်သော ပါရမီရှင် အများအပြားနှင့် တွေ့ဆုံခဲ့ဖူးသည်။

သို့သော် ထိပ်တန်း နတ်ဆိုးသားရဲများသည်ပင် မှော်ဝိဇ္ဇာကို တွေ့ဆုံရန် ခက်ခဲလှပေသည်။

ထိုမှော်ဝိဇ္ဇာသည် သေချာပေါက် အလွန်အရည်အချင်း ရှိသည့် လူငယ်မျိုးဆက်များကြောင့် အသက်ကို စွန့်လွှတ်လိုက်ရန် ဆန္ဒရှိလိမ့်မည် မဟုတ်ပေ။

ထိုသည်က မတော်တဆသာ မဟုတ်ခဲ့လျှင် ရီဖူရှင်းသည် မျက်လုံးနှင့် မြင်နေရသည်ထက် ပိုမိုထူး​ခြားသည်ကို ပြသနေသော သက်သေပင် ဖြစ်သည်။

သူ့အကြောင်းနှင့် ပတ်သက်၍ ကြီးမားသော လျှို့ဝှက်ချက် ရှိနေလိမ့်မည် ဖြစ်ပြီး သူ့အတွက်နှင့် မှော်ဝိဇ္ဇာကို အသက်စွန့်သွားစေရန်ပင် စွမ်းဆောင်နိုင်သည်။

ရီဖူရှင်းသည် နတ်ဆင်အင်ပါယာထံသို့ ကြည့်လိုက်သည်။ သူသည် နတ်ဆင်အင်ပါယာက အပိုင်းအစလေးများစွာကို ချိတ်ဆက်၍ တွေးတောနိုင်သွား လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ အမှန်တွင် သူသည်လည်း မှော်ဝိဇ္ဇာက မည်သည့်အတွက် ထိုသို့ လုပ်ဆောင် သွားခဲ့သည်ကို ယခုထိ သိရှိခဲ့ခြင်းမရှိပေ။

"ကျွန်တော့်မှာ ဘယ်အရာကိုမဆို နားလည် သဘောပေါက်နိုင်တဲ့ အထူးစွမ်းရည် တချို့ရှိတယ်။ ပြီးတော့ ကျွန်တော်က မှော်ဝိဇ္ဇာနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ လူဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ မှော်ဝိဇ္ဇာက ကျွန်တော့်ကို ဒီအတိုင်းပဲ တစ်ချက် ကြည့်ပြီးတော့ ထွက်သွားခိုင်းလို့ နန်းတော်အပြင်ဘက်ကို ထွက်လာခဲ့တယ်။ ဘယ်လိုကြောင့် မှော်ဝိဇ္ဇာ သေဆုံးသွားလဲ ဆိုတာတော့ ကျွန်တော်လည်း သိပ်မရှင်းလှဘူး" ရီဖူရှင်းက ရှင်းပြလိုက်သည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Tempat cerita menjadi hidup. Temukan sekarang