စာစဉ် (၁၄၇)

1.2K 34 4
                                    

အပိုင်း(၂၀၈၄)အပြီးတိုင်သုတ်သင်ခံရခြင်း

ကျင့်ကြံခြင်းလောကတွင် အစွမ်းထက် ပုဂ္ဂိုလ်ဟူသည်မှာ မည်သို့ဖြစ်ကြောင်း သီးခြားသတ်မှတ်ထားသည့် အဓိပ္ပါယ်မရှိပေ။ မတူညီသော ကျင့်ကြံဆင့်မှ လူများအတွက် အစွမ်းထက်သူဟု ဆုံးဖြတ်နိုင်သည့် မတူညီသော သတ်မှတ်ချက်များ ရှိနေသည်။ သို့သော် ကောင်းကင်ဒေသတွင် အဆင့်ခုနစ်ရန်ဟောင် အထက်မှ ရန်ဟောင်များကို အစွမ်းထက်တည်ရှိမှုများဟု ဆုံးဖြတ်နိုင်သည်။

အဆင့်ရှစ်နှင့် အဆင့်ကိုးရန်ဟောင်များသည် ပုံမှန်အား​​ဖြင့် အစွမ်းထက် ပုဂ္ဂိုလ်များဟု သတ်မှတ်နိုင်သည်။ ရီဖူရှင်းက လက်ရှိတွင် အဆင့်ငါးရန်ဟောင်တစ်ပါးဖြစ်သော်လည်း လှံတစ်ချက်တည်းနှင့် အဆင့်ကိုးရန်ဟောင်ကို သတ်ပစ်နိုင်ခဲ့သည်။ သို့ဆိုလျှင် ရီဖူရှင်းကို အစွမ်းထက်တန်ခိုးရှင်တစ်ယောက်ဟု သတ်မှတ်နိုင်သည်လား။

လူအများစုအတွက် အစွမ်းထက်သော အဆင့်ငါးတန်ခိုးရှင်တစ်ယောက်က ယုံကြည်၍မရနိုင်သော ယူဆချက်ပင် ဖြစ်လေသည်။

ယခုတွင် ရီဖူရှင်းက ထိုနေရာတွင် ရပ်နေခဲ့သည်။ ဥဒေါင်းမိစ္ဆာနတ်ဘုရား၏ အရိပ်က သူ့နောက်တွင် ရှိနေ၏။ ဆွဲဆောင်နိုင်သော နတ်အလင်းတို့က သူ့ပုံရိပ်ကို လွှမ်းခြုံလာပြီး မိစ္ဆာနတ်ဘုရား၏ မျိုးဆက်အဖြစ် ထင်မှတ်ရသည်။

သူက ရှေ့သို့ ကြည့်လိုက်ပြီး သူ့အကြည့်များက လေဟာနယ်ကို ထိုးဖောက်ကာ အဝေးရှိ ရထားလုံးမှ ပုံရိပ်ပေါ်သို့ ကျရောက်သွားသည်။ သူက ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ မင်းသား ယန်ကျူးကို ကြည့်နေခဲ့သည်။

ရှေး​ဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်က မဟာမိတ်လက်ထပ်ပွဲ ကျင်းပချင်နေသည်။ သူတို့က တုန်းဟွာနယ်မြေအတွင်း၌ ထိုသို့ အုတ်အော်သောင်းနင်း ဖြစ်စေချင်နေ၏။ သူတို့က ထိုသို့ ဖြစ်လိုလျှင် ရီဖူရှင်းက သူတို့ ဆန္ဒများအား ဖြည့်ဆည်းပေးမည် ဖြစ်သည်။ ထိုမဟာမိတ်လက်ထပ်ပွဲက အမှန်တကယ်ပင် တုန်းဟွာနယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေလိမ့်မည်။ သို့သော် ထိုကျော်ကြားမှုက မတူညီသော အကြောင်းတရားနှင့် ဖြစ်လိမ့်မည် ဖြစ်၏။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Où les histoires vivent. Découvrez maintenant