စာစဉ် (၁၁၈)

1.2K 42 0
                                    

အပိုင်း(၁၆၇၈)ပူးပေါင်းခြင်း

အခန်းအနားအပြီးတွင် ရှောင်ကလန်သည် တခြားသော အင်အားစုများကိုလည်း ထပ်မံဧည့်ခံသေးသည်။

နတ်သမီးဘွဲ့အပ်နှင်းခြင်းအခန်းအနားတွင် များစွာသော သူရဲကောင်းများ လာရောက်စုဝေးကြ၏။ မြောက်ပိုင်းဒေသမှ အင်အားစုများအပြင် တခြားသော နယ်မြေဒေသများမှလည်း အင်အားစုအများအပြား ရောက်လာကြသည်။ အိမ်ရှင်ဖြစ်သော ရှောင်ကလန်က သင့်တော်သော အစီအစဉ်များအား ပြုလုပ်ပေးရပေသည်။ အခန်းအနားပြီးသည်နှင့် ထိုလူများကို သည်အတိုင်း လွှတ်လိုက်၍ မရပေ။

အခန်းအနားမှာ နှစ်နေရာ ကွဲသွား၏။ ဗဟိုအင်ပါယာဘုံမှ အင်အားကြီးအဖွဲ့အစည်းများက တစ်နေရာဖြစ်ကာ မြောက်ပိုင်းဒေသမှ အင်အားစုများမှ တစ်နေရာဖြစ်သည်။

ရှောင်ကလန်သည် သင့်တင့်သော အစီအစဉ်များအား ပြုလုပ်ထား၏။ အားလုံးမှာ ကောင်းမွန်သော အစားသောက်များနှင့် ဝိုင်များကို ပြည့်စုံစွာ စားသောက်နိုင်ကြပေသည်။

ရီဖူရှင်းသည်လည်း ဗဟိုအင်ပါယာဘုံမှ အင်အားစုများနှင့်အတူ ရှိနေသည်။ သူသည် အထူးဧည့်သည်တော်နေရာ၌ ထိုင်ခွင့်ရ၏။

ရှောင်ကလန်ခေါင်းဆောင်သည် အခန်းအနားကို ပါဝင်ဆင်နွဲခြင်းမပြုရာ ကလန်အကြီးအကဲမှူးသည် အမြင့်ဆုံးသော အဆင့်အတန်းနေရာ၌ ထိုင်ရ၏။ သူ့ဘေးမှ နေရာနှစ်ခုမှာ ရီဖူရှင်းနှင့် ရှောင်မုယွီတို့ ထိုင်နေသည်။

တခြားသော လူများမှာ ရှောင်ကလန်၏အကြီးအကဲများဖြစ်ကြသည်။

ဗဟိုအင်ပါယာဘုံမှ နာမည်ကျော်ပုဂ္ဂိုလ်များအားလုံး အခန်းအနားကို တက်ရောက်ကြသည်။ သူတို့အားလုံးကို တစ်နေရာတည်းတွင် နေရာချထားခြင်း မရှိပေ။ ရှောင်ကလန်မှ တည်ခင်းဧည့်ခံသော နေရာကား ကျယ်ပြောသည်။ ထို့ကြောင့် သူတို့သည် အင်အားစုများအားလုံးကို တစ်နေရာတည်းတွင် ရောနှောထားစရာမလိုပေ။ အင်အားစုတစ်ခုစီတိုင်းအား တစ်နေရာစီတွင် သီးသန့်နေရာချထားပေသည်။

"ဒီနေ့ဟာ ရှောင်ကလန်ရဲ့နတ်သမီးဘွဲ့အပ်နှင်းခြင်း အခန်းအနားပဲ။ အခန်းအနားကို တက်ရောက်ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျုပ်က ခင်ဗျားတို့အားလုံးနဲ့အတူ တစ်ခွက်သောက်ပါ့မယ်" ရှောင်ကလန်အကြီးအကဲမှူးက ခွက်ကို မြှောက်ကာ ပြောသည်။ တခြားသောလူများအားလုံးကလည်း သူတို့၏ခွက်ကို မြှောက်ပြကာ သောက်လိုက်ကြသည်။ မည်သို့ဆိုစေ ရှောင်ထန်ကား အဆင့်အတန်းမြင့်မားသူဖြစ်သည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Tempat cerita menjadi hidup. Temukan sekarang