အပိုင်း ၃၁၁ မှ ၃၂၀ အထိ

1.8K 64 7
                                    

အပိုင်း (၃၁၁)လင်းချူ

ချင်းကျူ ကျောင်းတော်ကား လူငယ်များနှင့် အသက်ဝင် နေသည်။

ယနေ့ ချင်းကျူ ကျောင်းတော်ကား လွန်စွာ အလုပ်များ နေသည်။ အဘယ်ကြောင့် ဆိုသော် ယနေ့ကား ချင်းကျူ ကျောင်းတော်၏ နွေဦးရာသီ စစ်ဆေးခြင်း စာမေးပွဲနေ့ ဖြစ်သောကြောင့်ပင်။ ကျောင်းတော်၏ တပည့်များကလည်း စာမေးပွဲအတွက် စုစည်းနေကြသည်။ သိုင်းပညာ ကျောင်းဆောင်များနှင့် မှော်ပညာ ကျောင်းများမှ အကြီးအကဲများ ကလည်း ရောက်ရှိနေပြီ ဖြစ်သည်။

ထိုအခိုက်တွင်ကား ချင်းကျူ ကျောင်းတော်က ထူးထူးခြားခြား စည်ကား နေပေသည်။ မြို့တော်ဝန် ချင်ရွှီကလည်း တခြား အရာရှိများနှင့် အတူ ရောက်ရှိလာသည်။ ချင်ရွှီ၏ သမီး ချင်ယီကလည်း သူ့ဘေးတွင် ထိုင်နေသည်။ သူမက ဆယ်ကျော်သက် လေးများက သူတို့၏ အရည်အချင်းများကို ထုတ်ပြ နေသည်ကို ကြည့်နေသည်။

ချင်ယီကား အသက် နှစ်ဆယ်ခန့်ရှိပြီး ဖြစ်သည်။ သူမ၏ ခန္ဓာကလည်း အတိတ်ကနှင့်စာလျှင် ကောက်ကြောင်းများက ပိုမို ပိုလွင်လာကာ လွန်စွာ ဆွဲဆောင်အား ကောင်းနေပြီ ဖြစ်သည်။ သူမက ချင်းကျူ ကျောင်းတော်တွင် သင်ကြားပေးနေဆဲ ဖြစ်ကာ တပည့် များစွာတို့၏ အလှ နတ်ဘုရားမလေး ဖြစ်ပေသည်။

မှန်သည်... လက်ရှိတွင်ကား သူမတွင် ချစ်သူ ရှိနေပြီ ဖြစ်သည်။ သူကား ယခုနှစ်ပိုင်း အတွင်း ချင်းကျူ ကျောင်းတော်၏ ပါရမီအမြင့်ဆုံးဟု သတ်မှတ် ခံထားရသော လင်းချူဖြစ်သည်။ သူက ကျောင်းအုပ်ကြီး ဂူမူ၏ တိုက်ရိုက် တပည့်လည်း ဖြစ်သည်။ ယခုတွင် လင်းချူက ချင်ယီနှင့် ချင်ရွှီတို့၏ ဘေးတွင် ထိုင်နေသည်။ သူတို့ နှစ်ယောက်က လိုက်ဖက် လှပေသည်။

"အခုခေတ်မှာ ပါရမီရှင်တွေက ပိုပြီး များလာတယ်... " ချင်ရွှီက တိုက်ပွဲစင်မြင့်ကို ကြည့်ကာ ပြောသည်။ သူ့ဘေးမှ ဓားသခင် လန်ချန်းဖန်က ပြုံးလျက် ပြောသည်... "ဟုတ်တယ်... သားရဲအုပ်ဝင်ပြီး နောက်ပိုင်း ချင်းကျူ ကျောင်းတော်က ထိခိုက်ခဲ့ပေမဲ့ အခု ချင်းကျူ ကျောင်းတော်က တပည့်တွေက ပိုပြီး ကြိုးစား သင်ယူနေကြတယ်..."

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Where stories live. Discover now