အပိုင်း(၂၀၄၂)အင်အားစုများသို့ ဝင်ရောက်ခြင်း
ယန်ချီနှင့် လျှိုချင်းဖုန်းတို့က လမ်းစဥ်တိုက်ပွဲစင်မြင့်သို့ တက်လိုက်ကြသည်။ လေထုအခြေအနေက တစ်ခုခု မတူကွဲပြားလာသလို ထင်မှတ်ရ၏။
ယခုတိုက်ပွဲက ရိုးရှင်းသော ယှဥ်ပြိုင်မှုထက် ပိုသည်။ ထိုတိုက်ပွဲတွင် နှစ်ဖက်အဖွဲ့ကြားမှ သွေးကြွေးများလည်း ပါဝင်နေသည်။ ၎င်းတိုက်ပွဲ၌ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုကြားမှ ပဋိပက္ခများနှင့်ပတ်သတ်နေ၏။
လီချန်ရှန်း၊ ကျုံးချန်၊ ရီဖူရှင်းနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အခြားတန်ခိုးရှင်များသည်လည်း လမ်းစဥ်တိုက်ပွဲထက်သို့ ကြည့်နေကြ၏။ လီချန်ရှန်းသည် ရှေးဟောင်းတော်ဝင်ယန်မိသားစုက သူတို့အပေါ် တိုက်ရိုက်ရန်စခြင်းမှ ရှောင်ရှားရန် ကြိုးစားခဲ့လျှင်ပင် သူသည်လည်း အခြေအနေက ကောင်းမွန်ခြင်းမရှိသည်ကို နားလည်၏။ ရှေးဟောင်းတော်ဝင် ယန်မိသားစုက ပြင်ဆင်လာခဲ့ပုံ ရလေသည်။ သူတို့ပြိုင်ဘက်၏ အင်အားက သူတို့ထက် ပိုအားကောင်းသည်။
ဥပမာအနေနှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ မင်းသား ယန်ချီသည် ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်မှ အဆင့်နိမ့်ရန်ဟောင်တစ်ယောက် ဖြစ်သည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အဆင့်နိမ့်ရန်ဟောင်များကြား သူနှင့် ယှဥ်နိုင်သူမရှိပေ။ ထို့ကြောင့် သူ့အား ရင်ဆိုင်ရန် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အဆင့်လေးရန်ဟောင် လျှိုချင်းဖုန်းကိုသာ စေလွှတ်နိုင်ခဲ့သည်။ ထိုသည်မှာ အနည်းငယ် ဂုဏ်ငယ်စရာ ဖြစ်သည်။
ယခင်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ရီဖူရှင်းသည် အလွန် အစွမ်းထက်သောကြောင့် ထိုသို့သော အပြုအမူမျိုးနှင့် ဆက်ဆံခဲ့ဖူးသည်။
"စီနီယာအစ်ကို ဒီတိုက်ပွဲမှာ ကျွန်တော်တို့ နိုင်နိုင်ချေ ဘယ်လောက်ရှိလဲ။" ရီဖူရှင်းက သူ့ ဘေးတွင် ရပ်ကာ ထိုနေရာသို့ ကြည့်နေသည့် လီချန်ရှန်းကို မေးလိုက်သည်။ သူတို့ နိုင်လျှင် အဆင်ပြေသေးသည်။ အဆင့်လေး လျှိုချင်းဖုန်းသာ ရှုံးနိမ့်ခဲ့လျှင် အရှက်ရဖွယ် ဖြစ်လိမ့်မည်။ အဆင့်အရ မြင့်နေသူက ရှုံးနိမ့်ခဲ့လျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ဂုဏ်သရေက စွန်းထင်းသွားနိုင်သည်။