အပိုင်း(၂၂၆၆)စောင့်ဆိုင်းခြင်း
ကောင်းကင်အာဏာစက်ကျောင်းတော်တွင် နတ်အလင်းတန်းတစ်ခုက ကောင်းကင်မှ ထိုးဆင်းလာသည်။ ၎င်းသည် လောက၏ မိုးကုပ်စက်ဝိုင်းအလွန်မှ မြစ်ဖျားခံသကဲ့သို့ လေဟာနယ်လမ်းကြောင်း ချက်ချင်း ပွင့်လာခဲ့ပေသည်။
ထို့နောက်တွင် လူတစ်စု ပေါ်ပေါက်လာပြီး ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဆင်းသက်လာသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်၏ ထိပ်သီးပုဂ္ဂိုလ်များက တစ်နေရာသို့ ကြည့်လိုက်ပြီး ထိုနေရာမှာ အာကာသခရီးသွားဝင်္ကပါ တည်ရှိသည့် နေရာ ဖြစ်သည်။ အရှင်ထိုက်ရွှမ် ပြန်ရောက်လာပြီ ဖြစ်သည်။
ရီဖူရှင်းလည်း ပြန်ရောက်လာသင့်ပြီ ဖြစ်သည်။
ကောင်းကင်အာဏာစက်ကျောင်းတော်အကျော်တွင် လူတစ်စုက လေထဲ ခရီးဆက်ကာ ရှေ့သို့ တည့်မတ်စွာ ရောက်လာပေသည်။ အဖြူရောင်ဆံပင်နှင့် လူငယ်က ထိုသူများကြားတွင် ရှိနေသည်ကို မြင်သည့်အခါမှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ သူတို့ မျှော်လင့်ထားသလိုပင် ရီဖူရှင်း ပြန်ရောက်လာပြီ ဖြစ်သည်။ သူတို့အားလုံးသည် ရီဖူရှင်းက ဒဏ်ရာပြင်းပြင်းထန်ထန် ရပြီးနောက်၌ပင် ထူးခြားဆန်းကြယ်သည့် ကံကြမ္မာကြောင့် ပြန်လည်သက်သာလာမည်ဟု ယုံကြည်ကြပေသည်။
ထို့ပြင် သူတို့သည် ရီဖူရှင်း၏ အရှိန်အဝါက ပို၍ ထူးခြားလာသည်ကို သတိပြုမိကြပေသည်။ အဖြူရောင်ဝတ်စုံ၊ အဖြူရောင်ဆံပင်နှင့် လူငယ်၏ အရှိန်အဝါက အစွမ်းထက်သော ပုဂ္ဂိုလ်ဟူသည့် ခံစားချက်ကို ပေးစွမ်းသည်။ သူက ယခင် တိုက်ပွဲကြီးအတွင်းမှ အရှိန်အဝါထက် ပို၍ အားကောင်းလာသည်ဟုပင် ခံစားမိပေသည်။
သူက နောက်တစ်ဆင့် ချိုးဖျက်သွားနိုင်ခဲ့သည်လား။
လူအများ၏ နှလုံးခုန်သံများက တဒိတ်ဒိတ် မြန်ဆန်လာသည်။ ယခု သူတို့၏ ခန့်မှန်းချက်က မှန်ကန်လျှင် ရီဖူရှင်းက အဆင့်မြင့်ရန်ဟောင် ကျင့်ကြံဆင့်သို့ ရောက်ရှိနေပြီး အထွတ်အထိပ်သို့ ရောက်ရန် လမ်းကြောင်းပေါ် ရောက်နေခဲ့ပြီ ဖြစ်သည်။