စာစဉ် ၉၆

1K 45 0
                                    

အပိုင်း(၁၃၇၂):တုန်ခါစေခြင်း

ရီဖူရှင်းက ကျူးယန့်နတ်ဆိုးမင်းသားကို ကြည့်လိုက်ကာ သူ၏သဘောကို နားလည်လိုက်သည်။ နှင်တံပညာရပ်က ရင်းနှီးနေသည်ဟု သူက ခံစားမိမှတော့ နတ်ဆိုးမင်းသားသည်လည်း ထိုသို့ခံစားမိပေလိမ့်မည်။

ထို့ကြောင့် သူက ရီဖူရှင်း၏နှင်တံပညာကို စမ်းကြည့်လိုပေသည်။

"မင်းသားက စိတ်ဝင်စားမှတော့ ကျုပ်ကလည်း မင်းသားစိတ်မပျက်အောင် ကြိုးစားပေးရတာပေါ့" ရီဖူရှင်းကလည်း သဘောတူသည်။

တန်ခိုးရှင်အများအပြားက ရီဖူရှင်းကို လှမ်းကြည့်ကြသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ ထန်ကျစ်မော့သည်ပင် နတ်ဆိုးမင်းသားထံတွင် ရှုံးနိမ့်ခဲ့သည်။ ရီဖူရှင်းက ကျူးယန့်မင်းသားကို မည်သို့ ယှဉ်နိုင်မည်နည်း။

ရီဖူရှင်း၏တိုက်ရည်ခိုက်ရည်က အတော်ကောင်းသော်လည်း ထန်ကျစ်မော့၏စွမ်းရည်ကလည်း မခေပေ။ မိုးကြိုးလျှို့ဝှက်ပညာရပ်ရှစ်ခု၊ ကောင်းကင်မှ ဆင်းလာလာသော မိုးကြိုးလျှပ်စီး၊ မဟာလမ်းစဉ်မိုးကြိုးစွမ်းအား၏တိမ်တိုက်ကဒ်ဆိုးမှသည် နောက်ဆုံးသော ကဒ်ဆိုးအထိ...။

သို့တိုင်အောင် တစ်ဘက်လူ၏ခံစစ်ကို မချိုးဖျက်နိုင်ခဲ့။ ထိုအချက်မျှကပင် နတ်ဆိုးအိမ်ရှေ့စံမင်းသားအား ပြိုင်စံရှားစေသည်။

ထို့အပြင် သူသည် လူသားတို့၏ခြေလှမ်းနှင့် ပုံရိပ်ယောင်ပညာကိုလည်း လေ့ကျင့်ဟန်ရှိကာ အားနည်းချက်မရှိသကဲ့သို့ဖြစ်သည်။

သူနှင့်တိုက်ခိုက်နိုင်သောသူများမှာ ကောင်းကင်အာဏာစက်ဘုံ၏ အထွတ်အထိပ်အင်အားစုများမှ ထန်ကျစ်မော့ကဲ့သို့သောသူ ဖြစ်ရပေမည်။

စိန်ခေါ်ခြင်းထက် ဝင်္ကပါအား ကျော်ဖြတ်ရန်က ပိုမိုခက်ခဲမည်ဟု သည်မတိုင်ခင်က လူအများအပြား တွေးတောကြ၏။ သို့သော်လည်း ကျူးယန့်၏စစ်မှန်သောခွန်အားကို မြင်တွေ့ကြသောအခါ သည်စမ်းသပ်မှုက ပို၍ ခက်ခဲသယောင်ရှိသည်ဟု သိနားလည်လာကြသည်။

အားလုံး အတွေးနက်နေစဉ် ရီဖူရှင်း ရှေ့ကို တက်သွားသည်။ သူက ကျူးယန့်အိမ်ရှေ့စံမင်းသားထံကို ဦးတည်လိုက်ခြင်းဖြစ်သည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Nơi câu chuyện tồn tại. Hãy khám phá bây giờ