စာစဉ်(၈၈)

1.6K 51 8
                                    

အပိုင်း(၁၂၆၆): ပြန်လည်မွေးဖွားခြင်းအဆင့်အားလောင်ကျွမ်းပြာချခြင်း

ပြင်းထန်သည့် မီးတောက်များက ရီဖူရှင်း၏ ခန္ဓာကိုယ်မှနေ၍ ထွက်ပေါ်လာပြီး သူ၏ စွမ်းအားများက သူ့ဝန်းကျင်သို့ ဖြန့်ကျက်သွားသည်ဟု ခံစားလိုက်ရသည်။ သူ့ကို လိုက်ဖမ်းနေကြသည့် လူများသည် ချက်ချင်းပင် သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။

သူတို့အားလုံးသည် သူတို့ရှေ့မှ နတ်ဘုရားမီးတောက်များဖြင့် လွှမ်းခြုံခံထားရသော ပုံရိပ်ကို စူးစိုက်ကြည့်နေကြသည်။ သူ့ထံမှ ထွက်ပေါ်လာသည့် သိမ့်သိမ့်တုန်စေသော အရှိန်အဝါကို သူတို့အားလုံး ခံစားမိကြလေသည်။

ရီဖူရှင်းသည် လေထဲသို့ အမြစ်မဲ့ ကြာပန်းတစ်ပွင့်ကဲ့သို့ ဖြည်းညင်းစွာ တက်သွားခဲ့ပြီး ကောင်းကင်တွင် ရပ်တန့်နေသည်။ သူ့ကို ကြည့်ရသည်မှာ အလေးချိန်ပင် မရှိသလို ဖြစ်သည်။ သူ့မျက်လုံးများထဲတွင် မီးလျှံများ ပေါက်ကွဲထွက်နေပြီး သူ၏ သွေးများက ခန္ဓာကိုယ်အတွင်းတွင် ဆူပွက်နေသည်။

သူ၏ သက်စောင့်ဟော်နန်းအတွင်းတွင် လှည့်ပတ်နေသည့် မီးဝိညာဉ်လုံးသည် အလွန်ပြင်းထန် တောက်ပသည့် အလင်းရောင်များ ထုတ်လွှတ်ပေးနေကာ သူ၏သက်စောင့်ဝိညာဉ်များကိုပင် လောင်ကျွမ်းသွားတော့မတတ် ဖြစ်ပေသည်။

ဘုန်း...

ပြင်းထန်သည့် မီးတောက် အရှိန်အဝါသည် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ကောင်းကင်တခွင်တွင် မျောလွင့်ရင်း ဝေးကွာလှသည့် နေရာအထိ လှည့်ပတ်ရောက်ရှိ သွားလေသည်။

တခဏချင်းမှာပင် ချန်ယဲ့မြို့အထက်မှ ကောင်းကင်သည် မီးတောက်အရှိန်အဝါများနှင့် လွှမ်းမိုးခံလိုက်ရသည်။ လူတိုင်းသည် ရီဖူရှင်းဘက်သို့ ကြည့်လိုက်ကြပြီး သူတို့၏ နှလုံးသားများက ပြင်းထန်စွာ ခုန်ပေါက်နေသည်ကို ခံစားလိုက်ကြသည်။

အချိန်နှင့် နေရာက အားလုံးအတူတကွ ရပ်တန့်သွားသလို ခံစားလိုက်ကြရ၏။

ရီဖူရှင်းသည် ဝူယုံးကို ချေးငှားပေးခဲ့သည့် စွမ်းအားများထက်ပင် ပို၍ ထုတ်ယူသုံးစွဲနိုင်စွမ်း ရှိပုံပေါ်လေသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Место, где живут истории. Откройте их для себя