အပိုင်း ၂၁၁ မှ ၂၂၀ အထိ

1.5K 65 0
                                    

အပိုင်း (၂၁၁) : ရန်သူများ

ရီဖူရှင်းက ကန်ယီနိုင်ငံသို့ ပြန်လာနေစဉ်မှာပင် နိုဘယ်အများအပြားက သူတို့၏ တပည့်များထံမှ မှန်တောင်ကုန်းအဖြစ်အပျက်များကို ကြားသိကြရသည်။ တစ်ယောက်က ဓမ္မအဆင့်ခြောက်တွင်ရှိပြီး သုံးယောက်က ဓမ္မအဆင့်သုံးဖြစ်သည်။ နှစ်ယောက်က နိုဘယ်ပုံရိပ် သုံးခု ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်ပြီး တစ်ယောက်က နိုဘယ်ပုံရိပ် လေးခုဖြစ်ပေါ်စေကာ နောက်ဆုံးတစ်ယောက်က မှန်တောင်ကုန်း၏ နိုဘယ်အသိကိုပင်လျင် ယူဆောင်သွားခဲ့သည်။ သူတို့အားလုံးက ကန်ယီနိုင်ငံမှဖြစ်ကာ ယခုတွင် ကန်ယီနိုင်ငံကိုပြန်ရန် လမ်းတွင်ဖြစ်ရပေမည်။

ဖူယွန်ဓားကလန်ကား အရှေ့မြေရိုင်းဒေသ၏ တောင်တန်းဒေသတွင် တောင်ခုနစ်လုံးကို အခြေပြုလျက် တည်ထားသည်။ ဖူယွန်ဓားကလန်၏ တောင်ကုန်းခုနစ်ခုမူကား အလွန်နာမည်ကျော်ကြားသည်။

ထိုစဉ်မှာပင် သတ္တမတောင်ထိပ်၏ ကျောက်စွန်းတစ်ခုတွင် လူတစ်ယောက် လက်နောက်ပြန်ချိတ်လျက် ရပ်နေသည်။ ထိုစဉ်မှာပင် လူအနည်းငယ်က ကောင်းကင်မှတဆင့် ထိုလူ၏ အနီးကို ပျံသန်းလျက်ရောက်ရှိလာသည်။

" ကန်ယီနိုင်ငံကို သွားပြီးတော့ ရီဝူချင်းကို ဖိတ်ခေါ်လာခဲ့....." ထိုလူက ပြောသည်။ သူ့နောက်မှ လူများက သူ့အား ဦးညွတ်ကာ ဖြေသည်...." ကောင်းပါပြီ...." ထို့နောက် သူတို့က ဓားအလင်းတန်းများအဖြစ်ပြောင်းလဲသွားကာ အဝေးသို့ ပျံသန်းပျောက်ကွယ်သွားသည်။

အတန်ကြာလျင် နောက်ထပ်လူတစ်ယောက် ရောက်လာသည်။ သူက ရှေ့မှ လူကို ကြည့်ကာ ပြောသည်...."စီနီယာအစ်ကို....အစ်ကိုက ရီဝူချင်းကို သတ္တမတောင်ကုန်းရဲ့ တပည့်အဖြစ်လက်ခံမလို့လား.....ပထမ တောင်ကုန်းသခင်က ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်မကျေမနပ်ဖြစ်လာစရာ အကြောင်းရှိတယ်..."

လီတောင်ယွန်ကား ဖူယွန်ဓားကလန် ပထမတောင်ကုန်းမှ ဖြစ်သည်။

" သူက ပြိုင်ဘက်ကို အရည်အချင်းမရှိလို့ အနိုင်မယူနိုင်တာကို ဘာပြောရမလဲ...." ထိုလူက ထူးမခြားနားစွာ ပြောသည်..." သူက တစ်ဘက်လူရဲ့ လက်ကိုဖြတ်ရင်....တစ်ခြားလူကလည်း သူ့ကို ဒီလို လုပ်နိုင်တယ်....ပထမတောင်ကုန်းသခင်က မကျော်နပ်ရင်ကော ဘာဖြစ်လဲ...."

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Tempat cerita menjadi hidup. Temukan sekarang