အပိုင်း ၃၇၁ မှ ၃၈၀ အထိ

1.6K 62 6
                                    

အပိုင်း (၃၇၁) ကျောင်းတော်ကျောင်းအုပ်၏ကြိမ်းမောင်းသံ

သူမ၏ရှေ့မှ မြင်ကွင်းကို သတိထားမိကာ ချူယောင်ယောင်က ခေါင်းအနည်းငယ် ငုံ့လိုက်သည်။ တစ်နှစ်ခန့် အကြာက သူမကလည်း လစန္ဒာကလန်၏ ပါရမီရှင်ဖြစ်ခဲ့ကာ အဖော်များအကြား ထင်ရှားခဲ့သည်။ ချင်လီအား သိပြီးနောက်တွင် သူမက ချင်ပြည်ထောင်၏ ဘုရင်မဖြစ်ရန် အခွင့်အရေး ရှိလာခဲ့သည်။ သို့သော်လည်း ကံကြမ္မာက ရက်စက်စွာဖြင့် သူမအား ရီဖူရှင်းကို ချစ်ခင် နှစ်သက်စေခဲ့သည်။

ယခု ဟွာဂျီယူက လစန္ဒာကလန်၏ သမီးတော်အဖြစ် အစားထိုးခဲ့သည်။ ထို့အပြင် လစန္ဒာကလန် တစ်ခုလုံးက စာအုပ်တောင်ကို ရွှေ့ပြောင်းခဲ့ကြရာ ဟွာဂျီယူက အာရုံစိုက်မှု အားလုံးကို သူမထံမှ ယူသွားသည်။ ထိုသို့တွေးကာ ချူယောင်ယောင်က မှိုင်တွေသွားသည်။

မှန်သည်... လက်ရှိတွင် မည်သူမှသူမ၏ ခံစားချက်အား အရေးလုပ်ကြမည် မဟုတ်ပေ။ ရီဖူရှင်းက ဟွာဂျီယူ၏ဘေးတွင် ပေါ်လာသောအခါ အရှေ့မြေရိုင်းဒေသ၏ အလှဆုံးထဲမှ တစ်ယောက်ဖြစ်သော သူမ၏ တည်ရှိခြင်းက ပျောက်ကွယ် သွားသည်ဟု ထင်ရသည်။

ကောင်းကင်တွင် ကျူးကော့ဟွေက ရီဖူရှင်းအား ပြုံးလျက် ကြည့်သည်။ ထို့နောက် သူမက မြေပြင်ကို ဆင်းသက်ကာ နတ်မိမယ်ဝမ့်ယွီအား ပြောသည်..."ကျောင်းတော်က ကြိုဆိုပါတယ်..."

"အနှောင့်အယှက် ပေးမိပြီ..." နတ်မိမယ်ဝမ့်ယွီက ပြောသည်။

"ဆရာက ကျောင်းအုပ်ကြီးကို သွားတွေ့တယ်... နတ်မိမယ်... ဘာအစီအစဉ်တွေများ ရှိလဲ..." ကျူးကော့ဟွေက မေးသည်။ ဆရာဒူက လစန္ဒာကလန်အား မည်သို့ နေရာချမည်ကို ကျောင်းအုပ်နှင့် ဆွေးနွေးရန် ထွက်သွားသည်။ မည်သို့ဆိုစေ လစန္ဒာကလန်ကလည်း ထိပ်သီးအင်အားစု တစ်ခုဖြစ်ကာ ကျောင်းတော်ထက် အရေအတွက် နည်းခြင်း မရှိပေ။

"ကျွန်မက ဆရာဒူရဲ့ သဘောထားကို စောင့်နေပါ့မယ်..." နတ်မိမယ်ဝမ့်ယွီက ပြောသည်။ အမှန်တကယ်အားဖြင့် လစန္ဒာကလန်က ကျောင်းတော်အား အကူအညီ တောင်းခြင်း ဖြစ်ရာ နောက်ထပ် ဘာကိုမှ ထပ်မံ တောင်းဆိုမည် မဟုတ်ပေ။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Where stories live. Discover now