စာစဉ် (၁၃၈)

1.2K 34 3
                                    

အပိုင်း(၁၉၅၈)မောက်မာသောစကားလုံးများ

"မင်းက နည်းနည်းပဲ သိတာလား။ မဟုတ်ရင် ဘာကိုမှ မသိတာလား။" တစ်ဖက်လူက ရီဖူရှင်း၏ စကားများကို ကြားပြီးနောက် ဆက်ပြောလိုက်သည်။ "ဒီနေ့ ဆေးဖော်စပ်ခြင်း စုဝေးပွဲမှာ ပါဝင်ကြတဲ့ လူတိုင်းက ဆေးဖော်ခြင်းမှာ ဆရာသခင်တွေချည်းပဲ။ မင်းက ဆေးဖော်စပ်ခြင်းနဲ့ ပတ်သတ်ပြီး နည်းနည်းလေးပဲ သိတယ်ဆိုရင် လွယ်လွယ်လေး အကဲမဖြတ်တာ အကောင်းဆုံးပဲ။"

"အင်း။ ဆရာကြီး ပြောတာ မှန်ပါတယ်။" ရီဖူရှင်းက အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။ သူက နောက်ထပ် မပြောတော့ဘဲ တိတ်ဆိတ်စွာနဲ့ စောင့်ကြည့်နေခဲ့၏။

ထို့နောက်တွင် ပိုမိုများပြားသော လူများက ထိုနေရာ၌ စုစည်းလာကြသည်။ အရှေ့တွင် ရှိနေသော တောင်တန်းတဝိုက် နတ်ဘုရားကဲ့သို့ သိမ်မွေ့နက်နဲသော အရှိန်အဝါတို့က စိမ့်ဝင်ပျံ့နှံ့နေသည်။ ဆေးလုံးများ၏ ရနံ့က ပို၍ အားကောင်းလာသည်။ ဆေးဖော်စပ်သူများက ဆေးလုံးများကို အောင်မြင်စွာ သန့်စင်နိုင်ရန် ကြိုးစားနေကြသည်။ ဖော်စပ်ထားသော ဆေးလုံးများမှ တောက်ပသည့် မဟာလမ်းစဥ်ရောင်ဝါများ ထွက်ပေါ်နေပြီး ကြည့်ရှုသူများကို ပျော်ရွှင်ပီတိဖြစ်ပေါ်လာစေသည်။

"အာခီမီစုဝေးပွဲကနေပြီးတော့ ဆုတွေဘာတွေများ ရနိုင်လား။ ဘာဖြစ်လို့ ဆေးဖော်စပ်သူတွေ ဒီလောက်အများကြီး ဒီမှာ ရောက်နေကြရတာလဲ။" ရီဖူရှင်းက မေးလိုက်သည်။ ဆေးဝါးဖော်စပ်ခြင်း၌ ကျွမ်းကျင်သော ဆေးဖော်စပ်သူများက အလွန်မောက်မာတတ်ကြပြီး အခြားလူများရှေ့၌ ဆေးလုံးသန့်စင်ကြခြင်းကို အမုန်းဆုံးပင် ဖြစ်သည်။ ထိုပြင် သူတို့က ဆေးပညာဖော်စပ်မှုကို လေ့ကျင့်ချင်လျှင် ကြည့်ရှုနေသူများ မလိုအပ်ပေ။

ထို့ကြောင့် ဤဆေးဖော်စပ်ခြင်း စုဝေးပွဲ၌ ပါဝင်ခြင်းဖြင့် အကျိုးအမြတ် ရနိုင်သော တစ်စုံတစ်ခု ရှိရပေမည်။

"ဒါပေါ့။" လင်ချိုးက ခေါင်းညိတ်လိုက်သည်။ "ကျုပ်သိသလောက်ဆိုရင် အာခီမီနတ်နန်းတော်က ဒီလိုစုဝေးပွဲ ကျင်းပတဲ့ အခါတိုင်း ဆုလာဘ်တွေ ပေးတတ်တယ်။ ဆေးဖော်စပ်ခြင်း နည်းစနစ်တွေ၊ လမ်းစဥ်မီးလျှံတွေ မဟုတ်ရင် တန်ဖိုးမဖြတ်နိုင်တဲ့ ဆေးဖော်စပ်ခြင်းအညွှန်းတွေ စတာတွေ ပေးတတ်တယ်။ ပြီးတော့ အဖိုးတန်တဲ့ ဆေးဖော်စပ်ခြင်း ပစ္စည်းတွေနဲ့ ပါဝင်ပစ္စည်းတွေကိုလည်း ရနိုင်သေးတယ်လေ။"

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Tempat cerita menjadi hidup. Temukan sekarang