စာစဉ် ၇၇

1.5K 41 2
                                    

အပိုင်း (၁၁၁၂)နောက်ကွယ်မှ အကြံအစည်များ

ရီဖူရှင်း၏မျက်နှာ၌ ထူးဆန်းသော အမူအရာတစ်ခု ဖြစ်လာသည်။ သူကား အကြီးအကျယ် အံ့အားသင့် သွားရသည်။

ရန်ယွင်ကား နန်းတွင်းအကြံပေး၏ တပည့်ဖြစ်ကာ ရှန့်ထိုတတိယ အဆင့်တွင် ရှိသည်။ အင်ပါယာရှား နန်းတွင်းမှ မှတ်တမ်းများအရ သူကား ထိုအဆင့်တွင် အမြင့်ဆုံး၌ ရှိ၏။

လီကျွမ်းကား တာလီနန်းတွင်း မျိုးရိုးမှ ဖြစ်သည်။ ရီဖူရှင်းအားလည်း ရန်ယွင်၏ ဆရာတူညီဖြစ်သော လုချွန်က အောက်ဘုံမှ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။ ရီဖူရှင်းက မည်သို့သော ရှုထောင့်မှ ကြည့်ပါစေ၊ ရန်ယွင်အနေဖြင့် သူ၏ဓားကို ရုပ်သိမ်းရန် ညှိနှိုင်းမှုများ ပြုလုပ်ရမည်ဖြစ်၏။ သူကသာ ဓားကို သုံးလိုက်လျှင် တစ်ခုတည်းသော ရလဒ်ကား ရီဖူရှင်းနှင့် လီကျွမ်းတို့နှစ်ဦးလုံး သေမည်။

ရီဖူရှင်းက ရန်ယွင်အား လှမ်းကြည့်၏။ သူသည် ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ချောမွတ်သော အသားအရေနှင့် ပိန်သွယ်သော ခန္ဓာရှိ၏။ မျက်လုံးများက ရေပြင်အလား တည်ငြိမ်နေ၏။ သူသည် ထိုစကားကို အလွန်တရာ ရိုးစင်းသည့်ကိစ္စ ဖြစ်သည့်အလား ပြောဆိုခဲ့ခြင်း ဖြစ်သည်။ သို့သော် ... ရီဖူရှင်းနှင့် အဖြစ်အပျက်ကို ကြည့်ရှုသူများ အားလုံးမှာ ရန်ယွင်က ထိုစကားအား အဘယ်ကြောင့် ပြောဆိုခဲ့သည်ကို နားမလည်ကြ။

"သူက မင်းကို သတ်ချင်တယ်။ အခု မင်းက သူ့ကို ရထားပြီ။ မင်းက ထွက်မပြေးနိုင်သလို သူကလည်း မင်းအသက်ကို အာမ မခံနိုင်ဘူး။ ဒီလို အခြေအနေမှာ မင်းက ဘာလို့ တွန့်ဆုတ်နေတာလဲ" ရန်ယွင်က ရီဖူရှင်းအား ကြည့်ရင်းဖြင့် ပြောသည်။ သူက ရီဖူရှင်းကို အတင်း ဖိအားပေးနေသည့်ပုံစံ ...။

"ပြောတာ အဓိပ္ပာယ်ရှိတယ်"

ရီဖူရှင်း၏လက်က ဆတ်ခနဲ လှုပ်သွားကာ ဓားသွားသည် လီကျွမ်း၏ လည်ပင်းသို့ နစ်ဝင်လာခဲ့၏။ ထိုအဖြစ်က လီကျွမ်း၏မျက်နှာအား ပြာနှမ်းသွားစေသည်။

"နေဦး ..." လီကျွမ်းက ထိတ်လန့်တကြား အော်ဟစ်၏။ ရီဖူရှင်းက ဓားကို ရပ်တန့်လိုက်ကာ သူ့အား ကြည့်သည်။ လီကျွမ်းက နက်မှောင်သော မျက်နှာဖြင့် ရီဖူရှင်းအား စိုက်ကြည့်ကာ ပြောသည် ... "မင်းက ငါ့ကို မယုံဘူးဆိုရင် တာလီကျောင်းတော်ကို ယုံနိုင်မလား"

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Место, где живут истории. Откройте их для себя