အပိုင်း ၅၈၁ မှ ၅၉၀ အထိ

1.5K 56 13
                                    

အပိုင်း(၅၈၁)အဆုံး၌

တော်ဝင်ကျဲနန်းတော်က သုံးနှစ်တစ်ကြိမ် တပည့်များ လက်ခံ၏။ မြေရိုင်းဒေသတွင် သည်ကိစ္စက အလွန်လူသိများကာ တော်ဝင်လမ်း ကိုးလမ်းမှ မရေမတွက်နိုင်သော ပါရမီရှင်များ လာရောက်ကြသည်။ သူတို့ကား သူတို့၏ ဇာတိဒေသများတွင် အလွန် နာမည်ကျော်သူများ ဖြစ်ကြကာ ယခု ဤနေရာ၌ လာရောက် စုစည်းကြ၏။

လူစစ်ထုတ်ခြင်းများ အပြီး၌ နောက်ဆုံး ကျန်ရစ်သော ထိပ်သီး ပါရမီရှင်များက အဆင့်ဆင့် ယှဉ်ပြိုင် တိုက်ခိုက်ကြရသည်။

နောက်ဆုံး၌ အာရုဏ်လမ်းမှ ရီဖူရှင်းက နံပါတ်တစ် နေရာကို ရရှိခဲ့သည်။

ယခုအချိန်အထိ ရီဖူရှင်း၏ နောက်ကြောင်း ရာဇဝင်ကို မည်သူမှ ရှင်းရှင်းလင်းလင်း သိမထားကြပေ။ သူက အရှေ့မြေရိုင်း ဒေသမှဟု အချို့က ပြောကြသည်။ သူက မြေရိုင်းဒေသ တစ်ခုလုံးမှ နာမည်ကျော် ပါရမီရှင်များ အားလုံးကို အနိုင်ယူခဲ့၏။ သူက ပိုင်စီကို အရှက်ခွဲခဲ့ကာ ဟောင်ကျူဂီကို အံ့အားသင့်ဖွယ် အနိုင်ယူခဲ့သည်။ ယခုအချိန်မှစ၍ မြေရိုင်းဒေသမှ လူများအားလုံးက ရီဖူရှင်း၏နာမည်ကို သိကြတော့မည် ဖြစ်သည်။

ဟွာဂျီယူ၏ လှပသော မျက်လုံးများက ကွင်းထဲမှ လူငယ်လေးထဲကို ရောက်နေသည်။ သူမက အသက် ဆယ့်ငါးနှစ်အရွယ် အချိန်ကို ပြန်တွေးမိသည်။ ရာသီကုန် စစ်ဆေးခြင်း စာမေးမွဲ၌ ထိုလူငယ်က ပထမရကာ စတင် ထွန်းတောက် လာခဲ့သည်။ ထိုစဉ်က သူကား ငယ်ရွယ်ကာ မရင့်ကျက်သော လူငယ်လေး ဖြစ်သည်။ သူကား လောကကြီး အကြောင်းကို မသိနားမလည်သော၊ အနာဂတ်နှင့်ပတ်သက်၍ စိတ်ကူးယဉ်တတ်သော ဆယ်ကျော်သက် တစ်ယောက် ဖြစ်သည်။

ယခု သူတို့ကား အရွယ် ရောက်လာပြီဖြစ်ကာ များစွာသော အခက်အခဲများကို ကျော်ဖြတ်ပြီးကြပြီ။ မပြောင်းလဲသော တစ်ခုတည်းသော အရာကား ထိုလူငယ်လေးက ဘယ်နေရာကို ရောက်ပါစေ အထွန်းတောက်ဆုံး ကြယ်တစ်ပွင့် ဖြစ်နေခြင်းပင်။

ပိုင်စီ၊ ယန်ချူ၊ ပိုင်ရီ၊ ချူရှမ်း၊ နန်ဟို၊ နန်ဖန်းနှင့် တခြားလူများ အားလုံး၏ စိတ်ထဲတွင် ရှုပ်ထွေးနေကြသည်။ ရီဖူရှင်က အမြင့်ဆုံးသော နေရာကို ရောက်လာမည်ဟု ဘယ်သူက တွေးထင် မိမည်နည်း။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Onde histórias criam vida. Descubra agora