အပိုင်း(၆၇၁)ယွီပြည်နယ်မှဧည့်သည်များ
အခမ်းအနားမှ ပိုင်လွေလီ ထွက်သွားသည်ကို အားလုံးက မြင်ကြသည်။
သူကိုယ်တိုင် ပြောခဲ့သလိုပင် သူကား အမှန်တကယ် ပြည့်စုံသောသူ မဟုတ်ပေ။ ထို့ကြောင့် သူက ဒေါသထွက်လျင် လူများနှင့် အရာဝတ္တုများကို ပြန်လည် တုံ့ပြန်တတ်ပေသည်။ သူက ပြောခဲ့သလို ကျူးကော့မင်းယွီနှင့် ဂူတုံးလျိုကို သူက ခွင့်လွှတ်နိုင်စွမ်း မရှိသော်လည်း ဂူတုံးလျိုနှင့်တိုက်ပွဲက သူ၏စိတ်သဏ္ဌာန်ထဲ တစ်ဖက်လူအပေါ်တွင် လေးစားမှု ဖြစ်ပေါ်စေကာ သူ့စိတ်အား တစ်ဖန်ပြည်လည် တည်ငြိမ်စေခဲ့၏။ ထိုလေးစားမှုက ဂူတုံးလျို၏ ယုံကြည်မှုနှင့် စွမ်းရည်တို့အပေါ် အခြေတည်၍ ဖြစ်ပေါ်လာခြင်းဖြစ်ရာ ပိုင်လွေလီကား လူသားတစ်ယောက် အနေဖြင့် အမှန်တကယ်ပင် လေးစား အတုယူဖွယ်ရာ လူလည်း ဖြစ်သည်။
ပိုင်လွေလီကား မည်သို့ဆိုစေ မြေရိုင်းပြည်နယ် တစ်ခုလုံးတွင် နံပါတ်၁ ပါရမီရှင်ဖြစ်ကာ တော်ဝင်ကျဲနန်းတော်၏ ရွေးချယ်ခံလူဖြစ်သည်။ ထို့ကြောင့် သူ၏ စိတ်နေစိတ်ထားက ပိုမို၍ ရင့်ကျက်ကာ အမှားအမှန် အကောင်းအဆိုးကို ချင့်ချိန်တတ်သူလည်း ဖြစ်၏။ ပိုင်လွေလီက လေးစားစရာကောင်းသူ ဖြစ်သည်။ ထို့အတူ ဂူတုံးလျိုလည်း ထိုနည်းတူဖြစ်၏။ ဂူတုံးလျိုကား နောက်ထပ် ပိုင်လွေလီကဲ့သို့သော တစ်ယောက်ဖြစ်ရာ သည်တိုက်ပွဲက သူ့အား မြေရိုင်းပြည်နယ် တစ်ခုလုံးတွင် ကျော်ကြားစေမည်မှာ သေချာ၏။
"ငါက မဟာလမ်းစဉ်ကို တစ်ယောက်တည်း တစ်ယောက်တည်း လျှောက်လှမ်းတယ်... ငါ့ရဲ့ ယုံကြည်မှုကို ဒီလမ်းစဉ်အပေါ်မှာ တည်မြဲနေသရွေ့ ငါက မကျရှုံးနိုင်ဘူး..." လူအများအပြားက ဂူတုံးလျိုကို လှမ်းကြည့်ကြသည်။ လူငယ်ကား စိတ်ဓာတ် ခိုင်မာကာ ထူးခြားသော အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်သည်။ သူကား အမှန်ပင် ကျူးကော့မင်းယွီနှင့် လိုက်ဖက်၏။ အနည်းဆုံး သူတို့နှစ်ယောက် အကြားမှ အချစ်က အပြစ်ကင်းပေသည်။
လျူချန်းက ဂူတုံးလျိုဘက်ကို တစ်ချက်ကြည့်ကာ ရီဖူရှင်းကို ပြောသည်... "ရှန့်ထိုအဆင့်ကို ရောက်ဖို့ ပြင်ပ အကူအညီမယူဘူး... မင်းရဲ့ တော်ဝင်လမ်းခရီးကို ငါ စောင့်ကြည့်နေမယ်... ဂရုစိုက်ပါ..." ထို့နောက် သူက ပိုင်လွေလီနောက်ကို လိုက်ပါသွားသည်။ ရှီတန်ခိုးရှင် ထျန်ရှင်းနှင့် ရှီတန်ခိုးရှင် ဇူဆွန်တို့လည်း သူ့နောက်ကို လိုက်ပါ ပျောက်ကွယ်သွားကြ၏။