စာစဉ် (၁၅၈)

1.5K 32 0
                                    

အပိုင်း(၂၂၃၈)မဟာအင်ပါယာ သက်ပြင်းချခြင်း

ပို၍ များပြားသော ကျင့်ကြံသူများက ထိုစွမ်းအားကို သည်းမခံနိုင်သည့်အတွက် ပြိုလဲကျကုန်သည်။ မလုံလောက်သော စိတ်စွမ်းအားနှင့် ကျင့်ကြံသူအနည်းငယ်က ထွက်ပြေးရန် အချိန်မရလိုက်ဘဲ ချက်ချင်း ဖျက်ဆီးခံလိုက်ရကာ ကြယ်ရောင်နယ်မြေအတွင်း သုတ်သင်ခံလိုက်ကြရပေသည်။

လူအချို့က ပြင်းထန်စွာ ရိုက်ခတ်မိသော်လည်း ချိုးဖြတ်လွတ်မြောက်သွားနိုင်စွမ်းရှိသည်။ သူတို့က ဘေးသို့ ရွေ့လျားသွားသည်။ ယခင်က ကျင့်ကြံသူများကဲ့သို့ သူတို့ကလည်း ကြယ်ကောင်းကင်ကို ပါးစပ်အဟောင်းသားနှင့် ရှိနေခဲ့သည်။

ကြည့်ရသည်မှာ သူတို့က အတွေးလွန်နေပုံရသည်။

စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်ကို မြင်တွေ့နေရသည့်အခါ မည်သူက စိတ်မလှုပ်ရှားဘဲ နေပါမည်နည်း။ သို့သော် မည်သူကမှ အမွေအနှစ်ကို ရယူရန် အရည်အချင်း ရှိလိမ့်မည် မဟုတ်ပေ။

သိသာစွာပင် သူတို့က ထိုသို့သော စွမ်းဆောင်ရည်မျိုး မရှိပါချေ။

သူတို့သည် ဤတစ်ကြိမ်၌ စီဝေ့အင်ပါယာနန်းတော်၏ ကလိမ်ကျခြင်းကို ခံခဲ့ရပေသည်။ အဆုံးမှာတော့ စီဝေ့အင်ပါယာနန်းတော်သခင်က လွှမ်းမိုးနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး သူက ဤနေရာ၌ လူကိုယ်တိုင်ရောက်နေခဲ့သည်။ ထို့အပြင် သူက စီဝေ့မဟာအင်ပါယာ၏ မျိုးဆက်​ဖြစ်ပြီး ဤကြယ်ကမ္ဘာကို အုပ်စိုး​လေသည်။ ထို့ကြောင့် စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်က သူနှင့်သာ သက်ဆိုင်ပေလိမ့်မည်။

စီဝေ့အင်ပါယာနန်းတော်သည် ဤကြယ်ကောင်းကင်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် သူတို့ကို ဤနေရာသို့ ဝင်ခွင့်ပြုခဲ့ကာ သူတို့၏ ကြိုးစားမှုမှ အမြတ်ထုတ်ရန် ခွင့်ပြုခဲ့သည်။

စီဝေ့အင်ပါယာနန်းတော်သခင်က ဤတစ်ကြိမ်၌ လက်နှစ်ဖက်လုံးကို ဆန့်တန်းလိုက်ကာ သူ့ညာဘက်လက်ထဲ၌ တောင်ဝှေးကို ကိုင်ထားဆဲ ဖြစ်သည်။ သူ၏ အနက်ရောင်ဆံပင်က လေထဲတွင် ကခုန်နေပြီး အင်္ကျီစများက တဖျတ်ဖျတ်လွင့်နေသည်။ သူက မျက်လုံးများကို မှိတ်ကာ ထိုကောင်းကင်စွမ်းအားကို တောင့်ခံနေခဲ့သည်။ သူက ထိုစွမ်းအား အားလုံးကို လက်ခံ​​ရယူနေရင်း အားရကျေနပ်နေသော အခြေအနေ၌ ရှိနေခဲ့သည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Where stories live. Discover now