အပိုင်း (၈၇၁): နွေဦးပြည်နယ်မှပါရမီရှင်များ
ဝုန်း...
ယူချင်း၏မိစ္ဆာအငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာသည်။
အသံတစ်သံနှင့်အတူ လေးကြိုးမှာ ပြင်းထန်စွာ တုန်ယင်သွားသည်။ ကြီးမားသောစွမ်းအားက အလင်တန်းအဖြစ်လာရောက်စုစည်းပြီး ရောင်စဉ်တန်းအသွင်ဖြင့် လေထုကို ခွင်းလာ၏။ ထိုအခိုက်တွင် ယူချင်း၏ခွန်အားမှာလည်း အဆမတန်ကြီးမားလာသည်။ သူ၏သန့်စင်သောဗုဒ္ဓခန္ဓာမှာကား နတ်ဆိုးတစ်ပါးအလား ဖြိုဖျက်၍မရနိုင်ပေ။
ကျယ်လောင်သောအသံတစ်သံထွက်ပေါ်လာသည်။ အလင်းမြှားက အနည်ငယ်မျှပင် လမ်းကြောင်းကို သွေဖယ်ခြင်းမရှိဘဲ ယူချင်းထံကို ပြစ်လွင့်လာ၏။
ယူချင်းက သူ့ခန္ဓာကိုယ်အား ရိုက်ထုတ်လိုက်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရကာ နောက်ကို အဆက်မပြတ် ဆုတ်သွားစေသည်။ သူ့တစ်ကိုယ်လုံးကို ကာရံထားသော အငွေ့အသက်များမှာ အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာပြီး တစ်စပြီးတစ်စ ပြိုကွဲကြသည်။
ဘုန်း...
ယူချင်း၏ခြေထောက်က မြေပြင်ပေါ်တွင် မြဲမြံစွာ ပြန်လည်ရပ်သည်။ သူက မီတာ၁ဝဝခန့် နောက်ဆုတ်သွားပြီးမှ မြှားချက်၏စွမ်းအားများက ပျက်ပြယ်သွားသည်။
ရိခွန်ကား ကောင်းကင်ထက်တွင်ပင်ရပ်ကာ ယူချင်းကို ကြည့်သည်။
ယူချင်းထံမှ ပိုမိုအားကောင်းသော ကိုယ်ရောင်ကိုယ်ဝါများထွက်ပေါ်လာသည်။ သူ၏ပြိုင်ဘက်က မို ရှီအဆင့်ဖြစ်သော်လည်း သူမကြောက်ပေ။ သူက မျက်နှာချင်းဆိုင်တိုက်ခိုက်လိုသေးသည်။
"မင်းနဲ့ ကျုပ်အကြား ကွာဟချက်က ကြီးတယ်... " ရိခွန်က သူ၏အကျႌမှ ဖုန်များကို ခါလိုက်ကာ ရီဖူရှင်းဘက်ကို လှည့်ကြည့်သည်... " အရှင်ရီ... ခင်ဗျားရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်မှာ ရှိပါသလဲ... "
ရီဖူရှင်းက ယူချင်း ဆက်လက်တိုက်ခိုက်လိုဟန်ရနေသည်ကို မြင်လျှင် လှမ်းခေါ်လိုက်သည်... " ယူချင်း... "ယူချင်းက ရီဖူရှင်းအား ကြည့်ကာ ခေါင်းညိတ်သည်။ ထို့နောက် ရီဖူရှင်းက သူ့ရှေ့မှ လူငယ်တစ်ယော်ကအား ခေါ်လိုက်သည်... " ယန် "