အပိုင်း ၆၉၁ မှ ၇၀၀ အထိ

1.2K 47 12
                                    

အပိုင်း(၆၉၁)နဂါးပတ်တောင်အား ရန်သူပတ်လည်ဝိုင်းခြင်း

သိပ်မကြာသောအချိန်၌​ ရီဖူရှင်းနှင့် ယန်ဟောင်တို့ နဂါးပတ်တောင်ကို ပျံသန်း ရောက်ရှိလာကြသည်။ ကျူးကော့ချန်းဖန်က သူတို့အား ကိုယ်တိုင် သွားရောက်ကြိုဆိုသည်။ ရီဖူရှင်းအား ယန်ဟောင်၏ ပခုံးပေါ်တွင် မြင်ကြရသည်။ ယန်ဟောင်က ကောင်းကင်မြေရိုင်း အဆင့်၄ကို သိပ်မကြာခင်ကပင် အနိုင်ယူခဲ့သည်။ သူ၏နာမည်ကား မကြာမီ များစွာ ကျော်ကြား လာပေတော့မည်။

"ညီငယ်လေး... မင်းက ဒီကိစ္စမှာ ဝင်ပါပြန်ပြီ..." ဂူတုံးလျိုက ရီဖူရှင်းကို ပြောသည်။ မုန်တိုင်းက ရီဖူရှင်းအား အလယ်ဗဟိုသို့ ဆွဲသွင်းလိုက်ပေပြီ။ နောက်ဘာဖြစ်မည်ကို မည်သူမှ မပြောနိုင်။

"အစ်ကို၃..." ရီဖူရှင်းက ဂူတုံးလျိုကို ကြည့်ကာ ပြုံးသည်... "ကော့တေး တပည့်တွေက အမြဲတမ်း အတူတူ ရပ်တည်ကြတယ်... ဘယ်သူမှ ကျုပ်တို့ကို လာထိလို့မရဘူး..."

ရီဖူရှင်း ပြုံးသည်တွင် ဂူတုံးလျိုကလည်း ပြုံးသည်။

တိမ်ဖြူမြို့မှ သတင်းများက တဖြည်းဖြည်း ရွှမ်းဝူမြို့ကို ရောက်လာကာ လူတိုင်းက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ မြေရိုင်းပြည်နယ်က မကြာမီ မုန်တိုင်း ထန်ပေရော့မည်။

ကျိရှမ်းကမ်းပါးမှ​ တန်ခိုးရှင်များကလည်း ထိုသတင်းကို သေချာပေါက် ရပေသည်။ ကောင်းကင်မြေရိုင်း အဆင့်၁၈မှ ယန်ဟောင်က ကောင်းကင်မြေရိုင်း အဆင့်၄တွင်ရှိသော ပိုင်ဂူအား အနိုင်ရမည်ဟု ခွန်ယိုက မထင်ထားခဲ့ပေ။ သူတို့၏ အစီအစဉ်ကား သေချာပေါက် ပျက်စီးသွားပြီ ဖြစ်သည်။ ယခု ယန်ဟောင်က တိမ်ဖြူမြို့ကို ရောက်နေပြီဖြစ်သည်။ သူတို့က ကျူးကော့မိသားစုကို မည်သို့ တိုက်ခိုက်တော့မည်နည်း။

"နိုဘယ်တစ်ယောက်က ကျုပ်တို့ အစီအစဉ်ကို ဖျက်ဆီးနိုင်မယ်လို့ မထင်ထားဘူး..." ကျန်းရှာက အေးစက်စွာ ပြောသည်။ အရာခပ်သိမ်းက တော်ဝင်ကျဲနန်းတော်၏ ထုတ်ပယ်ခံ တပည့်တစ်ယောက်က ဖျက်ဆီးသွားခဲ့သည်။

"ကျန်းရှာ... မင်းက ဘယ်လိုမြင်လဲ..." ခွန်ယိုက မေးသည်။

ကျန်းရှာက ပြုံးလျက်ပြောသည်... "ဦးလေး.. ဒါက သိပ်မခက်ပါဘူး... မြေရိုင်းပြည်နယ်မှာ ငြိမ်းချမ်းနေတာ နှစ်ပေါင်း ကြာလာတော့ အင်အားစုတွေ အကုန်လုံးက ပုဂ္ဂိုလ်ရေး အကျိုးစီးပွားကို ဦးတည်လာကြတယ်... ရီဖူရှင်းကလည်း အင်အားစု အတော်များများကို အပြစ်လုပ်ထားတယ်... သူက ဒီကိစ္စမှာ ဝင်ပါလာမှတော့ မြေရိုင်းပြည်နယ်ကို ပိုရှုပ်ထွေးအောင်လုပ်ပြီး မြေရိုင်းပြည်နယ်က အင်အားစုတွေကို ကျူးကော့မိသားစုနဲ့ ရန်တိုက်ပေးတာပေါ့..."

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Where stories live. Discover now