အပိုင်း (၁၉၄၂)စစ်ပွဲ၏အစ
"လာနေပြီ..."
သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ စန့်ကွမ်းဟုန်ကား ပိုမို၍ သေချာနေသည်။ ကြည့်ရသည်မှာ စန့်ကွမ်းချိုးရယ်က အခြေအနေကို မှားယွင်းသုံ့သမိဟန်တူသည်။ အရှေ့နတ်ဘုရားကျွန်းစုကား ရီဖူရှင်းအတွက် စစ်ကြေညာရဲ၏။
"မီးတောက်အင်ပါယာ..." လူတချို့က မီးလျှံပုံပါသေသာ ဝတ်ရုံအား ဝတ်ဆင်ထားသော လူကြီးကို ကြည့်ကြသည်။ သူ့တွင် ဆံပင်ရှည်နှင့်မုတ်ဆိတ်ရှည်တို့ ရှိကာ ထူးခြားဆန်းပြားသော အရှိန်အဝါကို ပိုင်ဆိုင်၏။ သူသည် ဖန်းလိုင်ကုန်းမြေတွင် နာမည်ကျော်ကြားကာ မီးတောက်လမ်းစဉ်၌ ကြောက်စရာကောင်းသူတစ်ဦးလည်း ဖြစ်သည်။
သူသည် အလွန်ဝေးသောအရပ်မှ ရောက်လာခဲ့ကာ ကောင်းကင်ထက်တွင် ပေါ်လာသည်။ သူသည် အရှေ့နတ်ဘုရားကျွန်းစုအား ကူညီရန် ရောက်လာခြင်းဖြစ်သည်။
"နက်မှောင်အင်ပါယာ..."
လူတချို့က နောက်အရပ်တစ်ခုအား လှမ်းကြည့်ကြသည်။ လာရောက်ကူညီသောရန်ဟောင်များထဲတွင် တချို့မှာ ဖန်းလိုင်ကုန်းမြေ၌ အလွန်နာမည်ကျော်ကြားသူများဖြစ်၏။ သူတို့အားလုံးက ဖန်းလိုင်ကုန်းမြေကို လာရောက်ကူညီကြသည်လား။
"နှစ်ပေါင်းများစွာကြာအောင် အရှေ့နတ်ဘုရားကျွန်းစုဟာ ပြင်ပလောကကိစ္စတွေမှာ ဝင်စွက်ဖက်မှု မရှိခဲ့ဘူး။ ဖန်းလိုင်ကုန်းမြေက ကိစ္စတွေမှာ ပါဝင်ပတ်သက်မှုမရှိတာကြာတော့ လူတွေက အရှေ့နတ်ဘုရားကျွန်းစုကို တဖြေးဖြေးမေ့သွားကြတယ်" ထိုအခိုက်တွင် ပိုင်မု၏နောက်မှ အကြီးအကဲတစ်ဦးက ပြောသည်။ သူကား အရှေ့နတ်ဘုရားကျွန်းစုတွင် အဂ္ဂရက်ပညာရှင်တစ်ဦးဖြစ်သည်။ သူ့ဘေးတွင်ကား တန်ခိုးရှင်အများအပြား ရှိသည်။
နှစ်ပေါင်းများစွာကြာအောင် သူတို့က ပြင်ပကိစ္စရပ်များတွင် ဝင်ရောက်ပတ်သက်ခြင်းမရှိတော့သော်လည်း သူတို့က လုံးဝ အဆက်ဖြတ်လိုက်သည်တော့ မဟုတ်ပေ။ ဆယ်စုနှစ်ကြာတိုင်း တန်ခိုးရှင်များက ကျွန်းပေါ်သို့ အခွင့်အလမ်းများ ရှာဖွေကြ၏။ အရှေ့နတ်ဘုရားကျွန်းစု၏ကူညီဖေးမမှုကို ရရှိခဲ့ကြသော တန်ခိုးရှင်များသည် တချိန်တွင် အရှေ့နတ်ဘုရားကျွန်းစုက လိုအပ်လာလျှင်လည်း လာရောက်ကူညီကြသည်မှာ ပုံမှန်ကိစ္စဖြစ်သည်။