စာစဉ် ၆၉

1.8K 59 8
                                    

အပိုင်း (၁၀၀၀)အင်ပါယာရှား၏ အမိန့်တော်

အင်ပါယာရှား နယ်မြေ၊ အထက်ဘုံ။

အင်ပါယာရှား၏ နန်းတော်သည် ကောင်းကင်အထက် တိမ်များ အကြား၌ တည်ရှိသည်။ တိမ်များ အကြားတွင် နန်းတော်မှာ ကမ္ဘာမြေပေါ်မှ နတ်ဘုရား နယ်မြေ တစ်ခုအလား ထင်မှတ်ရသည်။ ရွှေရောင် ဝတ်ရုံရှည်ကြီးအား ဝတ်ဆင်ထားသော လူကြီး တစ်ယောက်သည် ရှေ့သို့ ကြည့်နေ၏။ သူ့ဘေးတွင် ယောက်ျား အဝတ်အစား ဝတ်ဆင်ထားသော မိန်းမလှတစ်ယောက် ရှိနေ၏။ သူမသည် ရှားရှင်းယွန် ဖြစ်၏။

သူတို့ နှစ်ယောက်လုံး ကြည့်နေသော နေရာတွင် ဧရာမ အလင်း မျက်နှာပြင်ကြီး တစ်ခုရှိသည်။ ထိုအလင်း မျက်နှာပြင်ပေါ်တွင် တောင်ထိပ်အပေါ်တွင် တည်ရှိနေသော နန်းတော်တစ်ခု၊ စစ်မြေပြင် အတွင်း၌ တိုက်ခိုက်နေကြသော၊ မရေမတွက်နိုင်သော တန်ခိုးရှင်များ၊ လေထဲတွင် တစ်ကိုယ်တည်း ထိုင်ကာ ကု့ချင်း တီးခတ်နေသော သွေးအလိမ်းလိမ်းဖြင့် လူငယ် တစ်ယောက်တို့ ရှိနေသည်။ သူ့အနီး၌ တန်ခိုးရှင်များမှာ မြေပြင်ပေါ်သို့ အသက်မဲ့စွာဖြင့် တဖြုတ်ဖြုတ် ကြွေကျနေသည်။ လူငယ်ထံမှ အင်ပါယာ တစ်ပါးအလား ကြီးမြတ် ထည်ဝါသော ရောင်စဥ် ရောင်ဝါများ ထွန်းလင်း နေ၏။

အလင်း မျက်နှာပြင်ပေါ်၌ မြင်ကွင်းအား ကြည့်ကာ ရှားရှင်းယွန်၏ မျက်လုံးများက ထူးဆန်းသော အမူအရာများ ဖြစ်နေသည်။ ရှေးနန်းတော်ရာ၌ ရီဖူရှင်းက သူမအား ပြောကြားခဲ့သော စကားကို ပြန်အမှတ်ရ လာခဲ့သည်။ သူမက ဝှက်ဖဲများ ရှိသေးသည်ဟု ရီဖူရှင်းအား ပြောရာတွင် ရီဖူရှင်းက သူ့တွင်လည်း ဝှက်ဖဲရှိသည်ဟု ဆိုသည်။

ထိုအချိန်က ရီဖူရှင်းမှာ အသိအမြင်နည်းပြီး ကြွားဝါခြင်းဟုသာ တွေးထင်ခဲ့၏။ သို့သော် သူမက သူမ၏ ဝှက်ဖဲကို ထုတ်ခဲ့လျှင်ပင် ရီဖူရှင်းထံ၌ ရှုံးနိမ့်ပေလိမ့်မည်။ အောက်ဘုံမှ တိုက်ပွဲသည် ကမ္ဘာပျက်သည့်အလား ပြင်းထန်လွန်းသည်။ အောက်ဘုံတွင် ဤသို့သော တိုက်ပွဲမျိုး ရှိမည်ဟု သူမ မထင်ထားခဲ့ပေ။

"ဒီတစ်ယောက်တည်းက ပြည်နယ်ကိုးခုက အရာအားလုံးထက် ပိုသာတယ် ..." အင်ပါယာရှားက တိုက်ပွဲအား ကြည့်ကာ လက်ဝှေ့ယမ်း လိုက်လျှင် အလင်းမျက်နှာပြင်မှ မြင်ကွင်းမှာ ပျောက်ကွယ် သွားသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Onde histórias criam vida. Descubra agora