အပိုင်း ၃၀၁ မှ ၃၁၀ အထိ

1.7K 64 10
                                    

အပိုင်း(၃၀၁)အကြွေးများကို တောင်းခြင်း

နန်ဒူဝန်ရှန်းအား ရီဖူရှင်းက နန်ဒူနိုင်ငံ၏ ဧကရာဇ် ဖြစ်လိုသလား မေးခဲ့သည်။

နန်ဒူနိုင်ငံ၏ ဧကရာဇ် နေရာအား မည်သည့်အချိန်က ရီဖူရှင်းက ဆုံးဖြတ်ပိုင်ခွင့် ရသွားသနည်း။

နိုဘယ်အဆင့် ရောက်နေသော နန်ဒူတိုင်ပင်လျှင် ထိုသို့သော အတွေးမျိုးအား မတွေးရဲပေ။ ဧကရာဇ်လျိုအပြင် တော်ဝင် ချန်ကျောင်းတော်မှ တန်ခိုးရှင်များလည်း နန်ဒူတွင် ရှိသေးသည်။ နန်ဒူနိုင်ငံက နောင်တွင် နယ်မြေတစ်ရာ ဒေသ၏ ဘုရင် ဖြစ်လာနိုင်ပေသည်။ သို့သော် ရီဖူရှင်းက နန်ဒူဝန်ရှန်းအား နန်ဒူနိုင်ငံ၏ ဘုရင်ဖြစ်လိုသလား မေးရဲသည်။

"အတင့်ရဲတယ်..." အရှင်လျိုက ထရပ်သည်။ ရီဖူရှင်းအား လက်ညှိုးထိုးလျက် သူက တင်းမာစွာ ပြောသည်... "မင်း မတ်တတ် ယောင်နေတာလား ..."

ရီဖူရှင်းက သူ့အား ကြည့်ကာ ပြောသည်... "လျိုနန်းတော်မှာတုန်းက ကျုပ်နဲ့ ကျောက်မူ တိုက်ခိုက်နေတဲ့ အချိန်မှာ တိတ်တဆိတ် ဝင်တိုက်ခိုက်ခဲ့တာ ခင်ဗျားလား ... အနုပညာ သူတော်စင်လား..." ထိုအချိန်က သူက ဤသို့ မမေးရဲခဲ့ပေ။ သို့သော်လည်း ယခုတွင်ကား သူက ထိုသို့ ဂရုစိုက်နေစရာ မလိုတော့ပေ။

"မင်းပြောတာကို ငါ နားမလည်ဘူး..." အရှင်လျိုက အေးစက်စွာ ပြောသည်။

"ကျုပ် ခင်ဗျားနဲ့ နောက်မှ ရှင်းမယ်..." ရီဖူရှင်းက သူ့အားကြည့်ကာ နန်ဒူဝန်ရှန်းအား ဆက်ပြောသည်... "ဦးလေး... ဒီနေ့ကစပြီး နန်ဒူတိုင်ရဲ့ လက်ပါးစေတွေကိုလည်း ရှင်းပစ်မယ်... လွန်ခဲ့တဲ့ နှစ်နှစ်က အဖြစ်အပျက်မှာ ဝင်ပါခဲ့တဲ့လူတွေ အကုန်လုံးကို လွှတ်ပေးမှာ မဟုတ်ဘူး... ဦးလေး သဘောတူတာနဲ့ ကျွန်တော် စပြီး ဖြေရှင်းတော့မယ်... ဦးလေးက နန်ဒူနိုင်ငံကို ထိန်းချုပ်ခွင့်ရမယ်... ဒီပြဿနာကို ဖြေရှင်းပြီးသွားရင် နန်ဒူကလန်က နန်ဒူနိုင်ငံရဲ့ ဘုရင် ပြန်ဖြစ် လာလိမ့်မယ်..." နန်ဒူကလန် တစ်ခုလုံးကို ရီဖူရှင်းက ရှင်းပစ်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ဟွာဂျီယူနှင့် သူ၏ ဆရာကတော်တို့က နန်ဒူကလန်မှ မဟုတ်ပါလား။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Where stories live. Discover now