စာစဉ် (၁၄၈)

1K 36 1
                                    

အပိုင်း(၂၀၉၈)ရက်စက်သော

မုယွင်ရှုက ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ ထိုသူက အခု သူ့ကို ဤ နေရာမှ ထွက်သွားဟု ပြောလိုက်သည်လား။

ရွာအတွင်းတွင် မည်သူကမှ သူ့ကို ဤကဲ့သို့ မပြောဆိုရဲကြပေ။

မုယွင်ရှု၏ဘေးမှလူများက ရီဖူရှင်းအား အေးစက်စွာ ကြည့်လိုက်ကြ၏။ ရီဖူရှင်းနှင့်သူ့လူများ ရွာသို့ ရောက်လာသည့်အကြောင်း သူတို့ ကြားသိခဲ့ကြသည်။ သူတို့က ရွာသို့ လုချီရှင်းတို့နှင့်အတူ ရောက်လာခြင်းဖြစ်ပြီး မည်သူမှ သိပ်ဂရုမထားခဲ့ကြပေ။ သူတို့အား သာမန်ရွာသားတစ်ဦးက ခေါ်ဆောင်လာခြင်းဖြစ်ရာ အားလုံးက လျစ်လျူရှုထားခဲ့ကြ၏။

တုန်းဟွာနယ်မြေမှ တန်ခိုးရှင်အချို့က သူတို့၏ နယ်မြေသို့ ရောက်ရှိလာပြီး လေးမျက်နှာကျေးရွာအတွင်းတွင် မျက်နှာပြောင်တိုက်၍ အရိုသေမဲ့စွာ ပြုမူရန်မှာ တွေးဆ၍ မရနိုင်အောင်ပင် ဖြစ်သည်။

သူတို့သည် အပြင်ဘက်လောကရှိ ရှန်ချင်းနယ်မြေ၏ ကောင်းကင်တတိယအလွှာမှ ရောက်လာကြခြင်း ဖြစ်သည်။ ရှန်ချင်းနယ်မြေအတွင်းတွင် နန်ဟိုင်မိသားစုသည် ကျော်ကြား၏။ သူတို့၏ အမည်ကို ကြားဖူးသူတိုင်း မည်သည့်အရာကို ကိုယ်စားပြု​ကြောင်း သိကြသည်။

ရှန်ချင်းနယ်မြေအတွင်းရှိ ထိပ်သီးအင်အားစုများ၏ ခွဲခြားသတ်မှတ်မှုက ထူးခြားလှပြီး တုန်းဟွာနယ်မြေနှင့် ကွဲပြားခြားနားသည်။ တုန်းဟွာနယ်မြေ၏ ပုဂ္ဂိုလ်ကြီးများက အဓိကနယ်မြေများတွင် အုပ်စိုးကြသော်လည်း ရှန်ချင်းနယ်မြေအတွင်းရှိ ပုဂ္ဂိုလ်ကြီးများမှာ အဆင့်မြင့်ကောင်းကင်ကိုးလွှာဟု ခေါ်သော ပင်မကုန်းမြေကို အုပ်စိုးမင်းမူကြသူများဖြစ်ကြသည်။

အဆင့်မြင့်ကောင်းကင်ကိုးလွှာသည် ရှန်ချင်းနယ်မြေ၏ပင်မနယ်မြေဖြစ်သည်။ အားလုံးသော ထိပ်သီး ပုဂ္ဂိုလ်များနှင့် အစွမ်းထက်သူများက ဤ ကုန်းမြေအဖွဲ့အစည်း၌ ကျင့်ကြံနေကြ၏။

သူတို့ကြားတွင် အဆင့်မြင့် ကောင်းကင်တတိယအလွှာသည် အစွမ်းထက် အင်အားစုတစ်စု၏ ပြယုဂ်ပင် ဖြစ်သည်။ အဆင့်မြင့် ကောင်းကင် တတိယအလွှာ၌ ကျင့်ကြံသူ မည်သူမဆို သွားလေရာနေရာတိုင်း၌ လူအများ၏အာရုံစိုက်မှုကို ရရှိကြ၏။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Hikayelerin yaşadığı yer. Şimdi keşfedin