စာစဉ် (၁၀၃)

1K 47 5
                                    

အပိုင်း(၁၄၇၂)ရှန့်ရှောင်းနတ်ဘုရားနန်းတော်

ရွှမ်ထျန်းဝင်္ကပါအတွင်း ချင်းဟယ်၏ သေးသွယ်သော လက်ချောင်းများက ကု့ချင်းကြိုးများပေါ်တွင် တင်ထားဆဲ ဖြစ်သည်။ သူမသည် ရီဖူရှင်းအား တွေဝေစွာ ငေးကြည့်နေ၏။

သူမက တိုက်ခိုက်မှုကို မဖော်ထုတ်ရသေးမီပင် ရွှမ်ထျန်းဝင်္ကပါက ကျိုးပျက်သွားခဲ့ပြီး ဖြစ်သည်။

သူမ၏ လှပသော မျက်လုံးများထဲတွင် ထိတ်လန့်အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။ သူမသည် ခေတ္တမျှ ကြက်သေသေသွားခဲ့သော်လည်း မကြာမီ စိတ်သက်သာရာ ရသွားခဲ့သည်။

ရီဖူရှင်းမှာ လေထဲရှိနေဆဲဖြစ်ကာ သူ၏ ကု့ချင်းထံမှ နတ်အလင်းများက ဖြာထွက် ပျံ့နှံ့နေ၏။ သူက ချင်းဟယ်ကို မော့ကြည့်ကာ ပြောသည်။ "ရွှမ်ထျန်းဝင်္ကပါက အရမ်း အစွမ်းထက်တယ်။ အဲဒါကြောင့် ရွေးစရာမရှိဘဲ အစွမ်းကုန်ရင်ဆိုင်ခဲ့ရတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

သူက ဝင်္ကပါကိုအလွန်လျန်မြန်စွာ ချိုးဖျက်နိုင်ရန်အတွက် လှည့်ကွက်ကလေးများကို အသုံးပြုခဲ့သည်။ သူ၏ နတ်ဝိညာဉ် ဆွဲဆောင်မှုကို ရောနှောအသုံးပြု၍ မှော်ဂီတတေးသွားအားဖန်တီးကာ သူတို့၏ စိတ်ဝိညာဉ်များကို အနှောင့်အယှက်ပေးခဲ့သည်။ ထိုနည်းဖြင့် သူသည် ချင်းဟယ်ကို အမှန်တကယ် တိုက်ခိုက်ရန် မလိုအပ်တော့ပေ။

"ရှင်က ကျွန်မ အရင်က သုံးခဲ့ဖူးတဲ့ လှည့်ကွက်တစ်ခုနဲ့ ရွှမ်ထျန်းဝင်္ကပါကို ချိုးဖောက်ခဲ့တယ်။ ကျွန်မအတွက် ရှက်စရာပါပဲ။ ကောင်းကင်အာဏာစက်ဘုံက လူအားလုံး ကောင်းကင်နတ်တံခါးဂိုဏ်းရဲ့ ဂူတုံးလျှိုနဲ့ ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံ ရီထျန်းယွိတို့ကို ဒီမျိုးဆက်ရဲ့ အကောင်းဆုံး တန်ခိုးရှင်တွေအဖြစ် သတ်မှတ်ကြတယ်။ ကျွန်မရဲ့ အမြင်အရဆိုရင် ရှင်ကလည်း သူတို့ထက်တော့ နိမ့်ကျမှာမဟုတ်ပါဘူး သခင်လေးရီ" ချင်းဟယ်က ညင်သာစွာ ပြောသည်။

ယခင်က ရွှမ်ထျန်းဝင်္ကပါသည် နတ်ဓားကို အသုံးပြု၍ လူအများ၏ ဝိညာဉ်ကို ဖြတ်ပိုင်းကာ ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် ခရမ်းရွှေကြွက်ကလန်ကို ခဏအတွင်း ရှုံးနိမ့်စေခဲ့သည်။ ယခု ရီဖူရှင်းသည် သူတို့အပေါ်တွင် တူညီသော လှည့်ကွက်ကို အသုံးပြုကာ ရွှမ်ထျန်းဝင်္ကပါအတွင်း နတ်မိမယ်များကို ချက်ချင်းပင် ဒဏ်ရာရစေခဲ့သည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Onde histórias criam vida. Descubra agora