စာစဉ်(၈၃)

1.8K 46 7
                                    

အပိုင်း(၁၁၉၀): နောက်ခံ

ရီဖူရှင်းသည် စစ်ထိုကလန်ကို သွားရောက်လည်ပတ်ပြီးနောက် မော့ကလန်သို့ သွားရောက်ခဲ့သည်။သူ့ကို မော့ကလန်က ဦးစွာ ဖိတ်ကြားခဲ့ခြင်းဖြစ်ရာ ရီဖူရှင်းအနေဖြင့် ချုပ်တည်းထားစရာ မလိုအပ်ပေ။

သည်ကမ်းလှမ်းချက်ကို မော့ကလန် မည်သို့တွေးတောသည်က ပြဿနာမရှိပေ။ သူတို့ သဘောတူမည်ဆိုလျှင်တော့ အကောင်းဆုံး ဖြစ်သည်။ သူတို့ သည်ကမ်းလှမ်းချက်ကို သဘောမတူလျှင်ပင် သတင်းကို ပေါက်ကြားစေလိမ့်မည် မဟုတ်ပေ။

ကောင်းချီးနန်းတော် မပျက်စီးမှီက ချန်ယဲ့မြို့၏ ထိပ်တန်းအင်အားစုများသည် ကြားနေဝါဒကို ကျင့်သုံးရဲကြသည်။ ခွန်အားကြီးသည့် နဂါးက ဒေသခံမြွေကြီးကို မယှဉ်နိုင်ဆိုသော်လည်း ယင်းက မည်သို့သောနဂါးမျိုးလဲဟူသော မေးခွန်းအပေါ်၌ မူတည်သေး၏။

အကယ်၍ အခြားတော်ဝင်ဘုံများက မြို့တော်တစ်မြို့ကို သိမ်းပိုက်လိုသည်ဆိုလျှင် သူတို့သည် အချိန်သိပ်ကြာကြာယူလိုက်ရမည် မဟုတ်ပေ။

သို့သော်လည်း ထိုသို့လုပ်ဆောင်ခြင်းသည် ခက်ခဲသည့် ခရီးဖြစ်ရုံသာမက မြို့ကို သိမ်းယူပါက သူတို့သည် မြို့ကို စီမံခန့်ခွဲအုပ်ချုပ်ရန် လုံလောက်သော အင်အားကို ချန်ထားခဲ့ရမည် ဖြစ်တာကြောင့် တော်ဝင်ဘုံအချို့က တွေဝေကြသည်။ သွေးနဂါးဘုံတွင် ပြဿနာ များမြောင်လှသောကြောင့် သူတို့က ပြဿနာအမျိုးမျိုးနှင့်လည်း ကြုံတွေ့ရနိုင်၏။

ထို့ကြောင့် ရန်ဟောင်များအားလုံးကတော့ သွေးနဂါးဘုံတွင် သူတို့၏ နယ်မြေအစိတ်အပိုင်းတစ်ခုကို တည်ထောင်လိုကြသည် မဟုတ်ပေ။

သို့သော်လည်း သည်တစ်ကြိမ်တွင်တော့ ရီဖူရှင်းတို့က ရလာသော အခွင့်အရေးအား အသုံးပြုရပေမည်။

မြို့စားအိမ်တော်မှ စားသောက်ပွဲကို နောက်ရက်အနည်းငယ်အကြာ၌ ကျင်းပခဲ့ပြီး မြို့တွင်ရှိသော အဓိကအင်အားစုများ အားလုံးကို ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ ယင်းမှာ ယူချင်းနှင့် အခြားသူများကို ဂုဏ်ပြုသည့်ပွဲဖြစ်ကာ ရီဖူရှင်းတို့အဖွဲ့အား တရားဝင်ကြိုဆိုခြင်း ဖြစ်၏။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Wo Geschichten leben. Entdecke jetzt