စာစဉ် (၁၄၀)

1.4K 41 1
                                    

အပိုင်း (၁၉၈၅)ဝိညာဉ်ဂိတ်တွင် ကျင့်ကြံခြင်း

"ဟုတ်တယ်... နယ်မြေသခင်အိမ်တော်..." ဆေးအင်ပါယာက ရီဖူရှင်းအား ခေါင်းညိတ်သည် "တုန်းဟွာပိုင်နက်ခေါင်းဆောင်အိမ်တော်က ပိုင်နက်တစ်ခုလုံးကို အုပ်ချုပ်တယ်။ အိမ်တော်မှာ ထိပ်သီးတန်ခိုးရှင်တွေ အများကြီးပဲ။ အိမ်တော်က တန်ခိုးရှင်တွေကို မမွေးထုတ်ပေမဲ့ သူတို့က အဆင့်မြင့်တန်ခိုးရှင်တွေကိုတော့ ဖိတ်ကြားတယ်။ ဒါမှလည်း သူတို့က ပိုင်နက်တစ်ခုလုံးကို ထိန်းချုပ်နိုင်မှာကိုး"

"မင်းရဲ့စွမ်းရည်နဲ့ဆိုရင် သေချာပေါက် နယ်မြေသခင်အိမ်တော်ကို ဝင်ခွင့်ရမှာပဲ။ ကောင်းကင်ဒေသက ဘယ်အင်အားစုမှ မင်းကို ထိရဲမှာ မဟုတ်တော့ဘူး"

ရီဖူရှင်းက ခေါင်းညိတ်သည်။ သူသိသလောက် ရွှေရောင်နတ်ပြည်ထောင်ဘုရင်၏အစ်ကိုတော်သည် အရှင်ဒွန်ဟောင်၏လက်ပါးစေတစ်ဦးဖြစ်သည်။ မှန်သည်၊ နယ်မြေသခင်အိမ်တော်တွင်လည်း နယ်မြေသခင်အတွက် အလုပ်လုပ်နေသူ အများအပြား ရှိပေမည်။

ဆေးအင်ပါယာသည် တုန်းလိုင်နတ်မိမယ်၏စကားများအရ ရီဖူရှင်း၏အခြေအနေကို သဘောပေါက်ပေသည်။ သူ့တွင် ဤအကြံအတွက် အကြောင်းပြချက် နှစ်ခု ရှိပေသည်။ ပထမတစ်ချက်ကား ရီဖူရှင်းအတွက် ဖြစ်သည်။ အင်အားကြီးအိမ်တော်တစ်ခု၏နောက်ခံဖြင့်ဆိုပါက တခြားအင်အားစုများက ရီဖူရှင်းအား တော်ရုံ မထိရဲတော့ပေ။ ဒုတိယတစ်ချက်ကား အရှေ့နတ်ဘုရားကျွန်းစုအတွက် ဖြစ်သည်။ နယ်မြေသခင်အိမ်တော်၏နောက်ခံဖြင့်ဆိုပါက အရှေ့နတ်ဘုရားကျွန်းစုသည်လည်း ပိုမို၍ တည်ငြိမ်လာပေမည်။

ထို့အပြင် ရီဖူရှင်းက သူ၏ထူးခြားကောင်းမွန်သော စွမ်းရည်များကို ပြသထားရာ သူသည် အနာဂတ်တွင် နယ်မြေသခင်အိမ်တော်၏အဓိကလူတစ်ဦး ဖြစ်လာနိုင်ပေသည်။

ရီဖူရှင်းက တစ်ဘက်လူ၏အကြံကို နားထောင်ကာ တွေဝေနေသည်။ သူ၏ဇစ်မြစ်မှာ မသေချာသေးရာ သူ့အနေဖြင့် ဆုံးဖြတ်ချက်ကို သေချာစဉ်းစားရန် လိုပေသည်။ မင်းသမီးဒွန်ဟောင်က သူ့အား တစ်ကြိမ် ကယ်တင်ခဲ့သော်လည်း အရှင်ဒွန်ဟောင်သည် အင်ပါယာရီချင်အား ရန်ငြိုးထားနေဆဲဖြစ်သည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Onde histórias criam vida. Descubra agora