အပိုင်း(၁)လူငယ်ဘဝအစ
ကောင်းကင်ပြက္ခဒိန်၊ ၉၉၉၉ ခုနှစ်၏ ဆောင်းဦး၊ အရှေ့ပင်လယ်၊ ချင်းကျူမြို့။
ချင်းကျူကျောင်းတော်သည် ချင်းကျူမြို့၏ အထွတ်အမြတ် နေရာတစ်ခုဖြစ်သည်။ အချမ်းသာဆုံးသော မိသားစုတွေနဲ့ ထင်ရှားသော မျိုးနွယ်စုများမှ တစ်ဝက်ကျော်သော အထူးချွန်ဆုံးသူများမှာ ချင်းကျူကျောင်းတော်သားများ ဖြစ်ကြသည်။ ထို့ကြောင့် ချင်းကျူမြို့သားများသည် ၎င်းကျောင်းတော်တွင် တက်ရောက်ရသည်ကို ဂုဏ်ယူလေ့ရှိကြသည်။ ကျောင်းတော်တွင် တက်ရောက်ခွင့်ရပါကလည်း အစွမ်းကုန် ကြိုးစား သင်ယူကြလေ့ရှိကြသည်။
သို့သော် လူတိုင်းတော့ ဟုတ်ဟန်မတူပါ၊ စာသင်ခန်းတစ်ခုတွင် လုလင်ပျိုတစ်ဦး စားပွဲပေါ်တွင် အိပ်ပျော်နေလေသည်။ အခန်းရှေ့တွင် စာသင်နေသည်က ငှက်မွေးအင်္ကျီရှည် ဝတ်ထားသည့် မိန်းမပျို၊ သူမက သတိထားမိဟန် တူသည်။ မျက်နှာပေါ်တွင် ဒေါသရိပ်တစ်ခုပေါ်လာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော လုလင်ပျိုဆီသို့ လှမ်းလာနေလေသည်။ ချင်ယီကား အသက် ဆယ့်ခုနစ်အရွယ်၊ ကျောင်းတော်၏ တရားဝင် ကျောင်းသူတစ်ဦး ဖြစ်သလို ပြင်ပကျောင်းသူ ကျောင်းသားများ၏ သင်ကြားပို့ချသူ တစ်ဦးဖြစ်သည်။ သူမကား လှပသော မျက်နှာကလေးနှင့် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ အခန်းထဲရှိ သူမ လမ်းလျှောက်သည့် နေရာသို့ မျက်လုံးများစွာက ရွေ့ လျားနေကြသည်။ ဒေါသထွက်နေသော်လည်း သူမလမ်းလျှောက်ပုံက ညင်သာလှသည်။
"ဒီတစ်ခါလည်း ဒီကောင်ပဲ"
"စီနီယာ အစ်မချင် အတန်းချိန်မှာ အိပ်ပျော်နေပြန်ပြီ"
အခုချိန်ထိ သူတို့၏ အိပ်ပျော်နေသော အခန်းဖော်ကို သိပ်သတိထားမိပုံ ရဟန်မတူပေ၊ သူတို့က ဘာပြောရမှန်းပင် သိပုံမရတော့။ ဒါကလည်း သူတို့၏ ပထမဆုံးအကြိမ် မြင်ခြင်း ဟုတ်ပုံမရပေ။
"စီနီယာ အစ်မချင်က တကယ့်ကို မျက်လုံး အစာကျွေးတာကို ဒီကောင် ဘယ်လို အိပ်ပျော်သွားတာတုန်းဟ"