စာစဉ် (၁၅၄)

1.3K 35 2
                                    

အပိုင်း(၂၁၈၂)နတ်ဘုရား၏ စွမ်းအား

နတ်ဘုရားရုပ်ကြွင်းက မျက်လုံးများ ပွင့်ဟလာသည်။

အားလုံးသော တန်ခိုးရှင်များက တုန်ယင်သွားကြပြီး သူတို့မျက်လုံးများသည် မဟာအင်ပါယာရှန်ကျား၏ ရုပ်အလောင်းမှ မလွှဲဖယ်နိုင်တော့ပေ။

ထိုနတ်ဘုရားရုပ်ကြွင်းက ပြန်လည်ရှင်သန်လာသလို ထင်မှတ်ရပြီး မရေတွက်နိုင်သော နတ်အလင်းများနှင့် ဝန်းရံခံထားရသည်။ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်တွင် သင်္ကေတအက္ခရာများစွာ ပေါ်ပေါက်လာပြီး တောက်ပသော နတ်အလင်းများ ပေါက်ကွဲထွက်လာပေသည်။

"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။"

ထိုအဓိကပုဂ္ဂိုလ်ကြီးများက မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို အာရုံစိုက်ထားကြပြီး ထိုအရှုပ်အထွေးများကြောင့် ဇဝေဇဝါ ဖြစ်နေကြသည်။ သူတို့အားလုံးက နတ်ဘုရားရုပ်ကြွင်းအား နားလည်သဘောပေါက်ရန် ကိုယ်တိုင်ကိုယ်ကျ ကြိုးစားခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ရုပ်ကွင်းတွင် ပါဝင်နေသော ထက်ရှသည့် ကြောက်မက်ဖွယ်စွမ်းအင်ကို ကောင်းစွာ သတိပြုမိကြပေသည်။ ၎င်းကို ထိန်းချုပ်ရန်မဆိုထားနှင့် သူတို့အတွက် နားလည်ရန်ပင် ခက်ခဲလှသည်။

သို့သော် ယခု နတ်ဘုရားရုပ်ကြွင်းက ပြန်ရှင်သန်လာသလို ထင်မှတ်ရပြီး တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုကို ခံထားရပေသည်။

လေးမျက်နှာကျေးရွာမှ ထွက်လာသော စွမ်းအားများအရ မဟာအင်ပါယာရှန်ကျားကို ထိန်းချုပ်နေသည့် ပုဂ္ဂိုလ်မှာ လေးမျက်နှာကျေးရွာမှ ဆရာသခင်​ဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။

"နတ်ဘုရားရုပ်ကြွင်းက တော်ဝင်နန်းတော်ကနေ ရှန်ချင်းနယ်မြေကို ပေးအပ်ထားတာဖြစ်ပေမယ့် ရီဖူရှင်း​နဲ့ ပေါင်းစည်းခဲ့တယ်။ ဒီနေ့ကနေစပြီး အဲဒါက ရီဖူရှင်းအပိုင်ပဲ။ ရှန်ချင်းနယ်မြေရဲ့ အိမ်တော်သခင်နဲ့ တခြားအင်အားစုတွေက ဒါနဲ့ ပတ်သတ်ပြီး ပြဿနာတစ်ခုခုရှိရင် မင်းတို့ နတ်ဘုရားရုပ်ကြွင်းကို ယူဖို့ ကြိုးစားကြည့်နိုင်တယ်။ မဟုတ်လည်း တော်ဝင်နန်းတော်ကို သွားပြီး မဟာအင်ပါယာကို မေးကြည့်လိုက်ကြပါ။" သိမ်မွေ့နက်နဲသော အသံတစ်ခုကို ကြားလိုက်ရပြီး ၎င်းက လူတိုင်း၏ နှလုံးသားများက ပြင်းထန်စွာ တုန်ယင်လာစေသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Donde viven las historias. Descúbrelo ahora