စာစဉ်(၈၇)

1.5K 55 0
                                    

အပိုင်း(၁၂၅၂):အကြင်နာတရားကင်းမဲ့ခြင်း

"ဒီကနေ တစ်ခုခုရလိုက်လား မြို့စားရီ" ဝူမျိုးနွယ်အကြီးအကဲက ရီဖူရှင်းကို မေးသည်။ သူ့မျက်နှာထက်တွင် အပြုံးရေးရေး ရှိနေပြီး သူ့တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိသည်ဟု မထင်ရပေ။

"ကျွန်တော်က မီးစွမ်းအား အသိအပိုင်းအစ အများကြီးကို သန့်စင်နိုင်ခဲ့ပြီးတော့ အင်ပါယာခွာရဲ့ ကြီးကျယ်ခမ်းနားမှုတွေကို ခံစားမိခဲ့ပါတယ်။ ကျွန်တော့်အတွက် အကျိုးအမြတ်အများကြီး ရခဲ့တယ်" ရီဖူရှင်းက အနည်းငယ် ပြုံးရင်း ပြောသည်။

ဝူမျိုးနွယ်အကြီးအကဲက အပြုံးနှင့် ခေါင်းညိတ်သည်။ "ကျုပ်တို့ကို ဘိုးဘေးနယ်မြေဆီ လာခွင့်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ မင်းသာ မရှိရင် ကျုပ်တို့ ဒီအခွင့်အရေးကို ဘယ်တော့မှ ရမှာ မဟုတ်ဘူး"

"အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး အကြီးအကဲ" ရီဖူရှင်းက အပြုံးနှင့် ပြန်ဖြေသည်။ "ကျွန်တော်လည်း ဒီကနေ အများကြီး ရခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။"

ဝူမျိုးနွယ်အကြီးအကဲက ပြုံးလိုက်ပြီးနောက် ရှေ့တည့်တည့်သို့ ကြည့်သည်။ ထိုအချိန်တွင် ဝူယုံး ရောက်ရှိလာ၏။ "အကြီးအကဲ၊ မြို့စားရီ" သူက ပြောသည်။ "သွားပြီး ကြည့်ကြရအောင်"

"ကောင်းပြီ" ဝူမျိုးနွယ်အကြီးအကဲသည် ရှေ့သို့ ကြည့်နေရင်း သူ့မျက်နှာထက်တွင် ခံစားမှုတစ်စုံတစ်ရာ ဖြတ်ပြေးသွားသည်။ သူ ဘာတွေးနေသည်ကို မည်သူမှ မပြောနိုင်ပေ။

ရီဖူရှင်းသည် ရှေ့သို့ လျှောက်ကာ စောင်းတန်းတလျှောက် မြင့်သထက် မြင့်သည်အထိ တက်သွားခဲ့သည်။

သူ့ကို ကြည့်ရသည်မှာ နေမင်းထဲသို့ တည့်မတ်စွာ လျှောက်ဝင်သွားသည်နှင့် တူပေသည်။

"မြို့စားရီ ဝင်္ကပါကနေပြီး ဘိုးဘေးနယ်မြေအကြောင်း တစ်ခုခုများ သိခဲ့သေးလား" ဝူမျိုးနွယ်အကြီးအကဲက စောင်းတန်းကို ကြည့်ရင်း မေးသည်။ "ကျုပ်က ဒီဒေသတစ်ခုလုံးကို ရင်းနှီးကျွမ်းဝင်ပြီး နားလည်ထားပေမယ့် အဲဒီထိပ်ဖျားထိတော့ မရှာဖွေနိုင်ဘူး"

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Where stories live. Discover now