အပိုင်း(၈၁)ဆရာကတော်
အခန်းထဲတွင်ကား ရီဖူရှင်းက ဟွာဂျီယူ၏နောက်မှ မျက်လုံးများ အရောင် တောက်လျက် နောက်မှ လိုက်လာသည်။
"တော်တော် ကောင်းတဲ့ နေရာပဲ..." အခန်းအား လှည့်လည်ကြည့်၍ ဟွာဂျီယူက မှတ်ချက်ချသည်။
"ဟုတ်တယ်... အနားယူဖို့အတွက် အကောင်းဆုံးပဲ..." ရီဖူရှင်းက ခေါင်းညိတ်၍ ပြောသည်။
ဟွာဂျီယူက အိပ်ရာသို့ လျှောက်သွားကာ သူမ၏အပြင်ဝတ်အား ချွတ်လိုက်လျှင် သူမ၏ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းများ ပေါ်လာသည်။ ထို့နောက် သူမက ရီဖူရှင်းဘက်သို့ လှည့်ကြည့်ကာ ပြုံးလျက် မေးလိုက်သည်... "ငါ ကြည့်ကောင်းလား..."
ရီဖူရှင်း မျက်လုံး ပြူးသွားသည်။ သူ တစ်စုံတစ်ခု မူမှန်သည်ကို ခံစားနေရသည်။ သူက ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်... "အရမ်း ကောင်းတယ်..."
"ဒါဆို ငါအနားယူမယ်... နင်က ဆက်ကြည့်နေ..." ဟွာဂျီယူက မချိုမချဉ် ပြုံးလိုက်သည်။ သူမက သူမ၏ဖိနပ်လေးများအား ချွတ်လိုက်ပြီး အိပ်ရာတွင် လဲလျောင်းလိုက်သည်။ သူမက ရီဖူရှင်းအား ကြည့်ကာ ခစ်ခနဲ ရယ်လိုက်ပြန်သည်။
"ဒါက ငါ့အိပ်ရာလေ... ငါလည်း အိပ်လို့ရတယ်မလား..." ရီဖူရှင်းက သူ၏ရှေ့မှ လှပသော မိန်းကလေးအား ကြည့်လိုက်သည်။ သူမက သူ့အား အဘယ်ကြောင့် သည်မျှ စနောက် နိုင်ရသနည်း။
"နင် စမ်းကြည့်လေ..." ဟွာဂျီယူက ပြောလိုက်သည်။ သူမက ပြုံးနေဆဲပင် သို့သော် ရီဖူရှင်း၏ပုံစံမှာ သနားစဖွယ် ကောင်းလှသည်... "မြေခွေးမ... နင်လုပ်နေတာတွေ မှားတယ်နော်..."
ဟွာဂျီယူက အိပ်ရာတွင်ပင် လက်များအား ဆန့်တန်းလျက် အပျင်းဆန့်လိုက်လျှင် သူမ၏ခန္ဓာကိုယ် အလှအပများ ပိုမို ပေါ်လွင်စေ၏။ သူမ၏လှုပ်ရှားမှုတိုင်းက ရီဖူရှင်းအတွက် မချိမဆံ့ ခံစားရစေသည်။
"ငါအိပ်တော့မယ်..." သူမက ထိုသို့ပြောလျက် ရီဖူရှင်းထံမှ အကြည့်လွှဲကာ စောင်အား သူမ၏ကိုယ်ပေါ်သို့ ဆွဲတင်လိုက်သည်။ သည်တစ်ကြိမ်ကား ရီဖူရှင်းအတွက် ကြည့်စရာ ဘာမှ မကျန်တော့ပေ။ စောင်၏အောက်မှ အနည်းငယ်သော သူမ၏ခန္ဓာပုံသဏ္ဌာန်အား တွေးတော ခန့်မှန်းရုံမျှ သူ တတ်နိုင်တော့သည်။