အပိုင်း ၇၃၁ မှ ၇၄၀ အထိ

1.5K 53 1
                                    

အပိုင်း(၇၃၁)အရှေ့ဘက် ပြည်နယ်သို့

ညစာ စားပွဲပြီးနောက် အားလုံးက ထွက်ခွာ သွားခဲ့ကြသော်လည်း ကိုယ်စီတိုင်း၏ စိတ်ထဲတွင် လှုပ်ရှားနေကြဆဲ ဖြစ်သည်။

ရီဖူရှင်းက နန်းတော်သခင် ဖြစ်လာပြီးနောက်ပိုင်း တော်ဝင်ကျဲနန်းတော်မှ တပည့်များစွာက ထိုနေရာနှင့် ရီဖူရှင်းက သင့်တော်ပြီဟု သိပ်မတွေးခဲ့ကြပေ။ သို့သော်လည်း ယခုပုံစံအရ ရီဖူရှင်းကား ထိုနေရာအတွက် ကောင်းကောင်း ပြင်ဆင်ပြီး ဖြစ်ပုံရသည်။ သူက အနာဂတ်အတွက် မြေရိုင်းပြည်နယ်ကို ပြန်လည် တည်ဆောက်ရန် အစီအစဉ်များ ရှိနေဟန်ရ၏။

တော်ဝင်ရှီနန်းဆောင်တွင် ယခု ရီဖူရှင်းနှင့် နန်းဆောင် သခင်များသာ ကျန်ရစ်သည်။

"ကျွန်တော်က နန်းတော်သခင် ဖြစ်လာပြီးနောက်ပိုင်း ကျွန်တော့်ကို ကူညီခဲ့သူတွေက အကြီးအကဲတွေနဲ့ ကျွန်တော့်မိတ်ဆွေတွေပဲ... စီမင်ဟန်ကျင့်က ဒီလိုတွေးတာလည်း သိပ်ထူးဆန်းတာတော့ မဟုတ်ဘူး... ဒါပေမဲ့ ကြည့်ရတာ အဲဒီလိုတွေးတဲ့လူတွေ အတော်များများ ရှိပုံရတယ်..." ရီဖူရှင်းက မသက်မသာပြုံးကာ ပြောသည်... "ပြောရရင် တော်ဝင်ကျဲနန်းတော်ကို ကိုယ်ပိုင်အဖွဲ့အစည်း ဖြစ်အောင် လုပ်ခဲ့တဲ့လူတွေလည်း ရှိခဲ့တာပဲ..."

"ငါတို့က စာအုပ်တောင်ကို သွားပြီး မင်းကို ခေါ်လာတာ အလကား မဟုတ်ဘူး.. ဘာဖြစ်နေလဲ ဆိုတာ ငါတို့သိတယ်... တကယ်လို့ နန်းတော်ကိုသာ အင်အားစုတွေအဖြစ် ခွဲထုတ်လိုက်ရင် ဒါက အရမ်းကို မှားယွင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်သွားပြီ... ငါတို့ လုပ်ရမယ့်ဟာကို လုပ်တယ်... ဒီအတွက် ငါတို့ အသိစိတ်ကလည်း ရှင်းလင်းနေတယ်... ဓားမိစ္ဆာက ပြောသည်... "အခု တော်ဝင်ကျဲနန်းတော်က တပည့်တွေကို သင်ပေးတဲ့နေရာမှာပဲ အာရုံစိုက်ထားရင် တခြားအရာတွေက အလိုလို ပျောက်ကွယ်သွားမှာပဲ... ငါတို့က အခု ရည်မှန်းချက်နဲ့ လုပ်ငန်းစဉ်တွေလည်း ချမှတ်ပြီးပြီ ဆိုတော့ ဒီလမ်းအတိုင်း တစိုက်မတ်မတ် သွားရုံပဲ..."

ထောင်ကျန်း၊ ထို့ကျန်းနှင့် ဝမ်ရှင်းတို့ အားလုံးက ခေါင်းညိတ်ကြသည်။ ယခု တော်ဝင်ကျဲနန်းတော်က ရှန့်ထိုမွေးဖွားရန် ရှင်းလင်းသော ရည်မှန်းချက်ရှိကာ တခြား ပြည်နယ်များနှင့် ယှဉ်ပြိုင်မည် ဖြစ်သည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Onde histórias criam vida. Descubra agora