စာစဉ် ၇၈

1.5K 46 1
                                    

အပိုင်း (၁၁၂၅)နန်းတွင်းအကြံပေး၏အိမ်တော်သို့ ဝင်ခြင်း ၁

နန်းတွင်း အကြံပေးက ရီဖူရှင်းအား တပည့်အဖြစ် လက်ခံရန် ဆုံးဖြတ်ခဲ့ကာ တိဟောက်က ရီဖူရှင်းကို လာရောက် ရန်ရှာခဲ့သည်။

တိဟောက်ကား ဆွံ့အနေ၏။ အရှုံးသမားတွင် ပြန်ပြောခွင့်မရှိ။ သူက တာလီကျောင်းတော်၏ အတော်ဆုံး တပည့်ဖြစ်သော ဒွန်ချန်းကို အနိုင်ရခဲ့သည်။ ရီဖူရှင်းက ထိုနေ့တွင် အပြစ်ခုနစ်ပါးအား အနိုင်ယူခဲ့သည့်တိုင် သူ့အား သိပ်အလေးမထားခဲ့ပေ။ သို့သော်လည်း ဒွန်ချန်းအား အနိုင်ယူပြီးနောက် ရှန့်ထိုအဆင့်အောက်၌ ပြိုင်ဘက်ကင်းဟူသော နာမည်သည် သတ္တမဓားထံတွင် လက်မြှောက် အရှုံးပေးရမည်ဟု မည်သူကမှ မထင်ထားခဲ့။ သတ္တမဓားသည် ဤမတိုင်ခင် သတ္တမဓားသည် နန်းတွင်းအကြံပေး၏ ရွေးချယ်မှုကို ခံရသည့်တိုင် မည်သည့် အင်အားစုနှင့်မျှ မသက်ဆိုင်ခဲ့ပေ။ ဤသို့ဆိုလျှင် နန်းတွင်း အကြံပေး၏ မျက်လုံးများက ထိုမျှပင် ထက်ရှပါသလော။

"တာလီပြည်ထောင်က ရှန့်ထိုအဆင့်အောက်မှာ နံပါတ်၁ ဟုတ်လား ... ။ မင်းက ဒီလို မသတ်မှတ်ခင် ငါ့ဓားကို ထည့်တွက်သင့်တယ်" ရီဖူရှင်းက ပြောကာ ဓားကို ပြန်သိမ်းလိုက်သည်။ သူက တိဟောက်အား လွှတ်လိုက်ကာ လုချွန်ဘက်သို့ လှည့်လျက်ပြောသည် ... "သွားရအောင် ..."

လုချွန်က ခေါင်းညိတ်ကာ ရီဖူရှင်းနှင့်အတူ ရှေ့သို့ ဆက်လျှောက် သွားခဲ့သည်။ တိဟောက်ကား ထိုနေရာတွင်ပင် တောက်လီတောင်မှ တပည့်များနှင့်အတူ ရပ်ကျန်နေရစ်ကြ၏။ သူတို့အားလုံးမှာ ဆွံ့အနေကြသည်။

ရီဖူရှင်းတို့အဖွဲ့ ထွက်ခွာ သွားသည်ကို မရေမတွက်နိုင်သောလူများ ကြည့်နေကြသည်။ သူတို့အားလုံး ကြီးစွာ စိတ်လှုပ်ရှား နေကြ၏။ တာလီပြည်ထောင်မှ ရှန့်ထိုအဆင့်အောက်တွင် နံပါတ်၁နေရာသည် ဤမျှ မြန်ဆန်စွာ ပြောင်းလဲသွားမည်ဟု မည်သူမှ မထင်ထားကြ။

သတ္တမဓားသည် နန်တွင်းအကြံပေး၏ လက်ရင်းတပည့် ဖြစ်လာခြင်း၊ တာလီ၏ ရှန့်ထိုအဆင့်အောက် ပြိုင်ဘက်ကင်း ဓားသမား ဖြစ်လာခြင်းတို့က တာလီတွင် လျှမ်းလျှမ်းတောက် ကျော်ကြားစေရန် လုံလောက်ပေသည်။ သူ၏အနာဂတ်ကား မြင်သာသော အရာတစ်ခု ဖြစ်သည်။ တာလီနန်းတွင်း အကြံပေး၏ တပည့်ရွေးချယ်ခြင်း အပေါ် မည်သူမှ သံသယ မဖြစ်တော့။ နန်းတွင်း အကြံပေးသည် ရီဖူရှင်းက တိဟောက်အား အနိုင်ယူနိုင်သည်ကို ကြိုတင် သိမြင်နိုင်စွမ်း ရှိသည့်အပေါ် လူအများက ကြီးစွာ လေးစား အံ့အားသင့် ကြရပေသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Hikayelerin yaşadığı yer. Şimdi keşfedin