အပိုင်း(၇၆၁)စိတ်နယ်လွန် တိုက်ခိုက်မှုများ
"ဂျီယူ..." မင်းသမီးက မင်းကို ကြည့်ချင်တယ် ဆိုမှတော့ ပြလိုက်ပါ... ရီဖူရှင်းက ရီဖူရှင်းအား ပြန်ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး သူမ၏ပဝါအား ဖယ်ရှားလိုက်သည်။
ဟွာဂျီယူ၏မျက်နှာကို မြင်လိုက်ရသည်တွင် ကျောက်စီရီ၏ မျက်နှာက နီရဲသွားသည်။ သူမကား ကျောက်မဟာ ပြည်ထောင်၏ မင်းသမီးဖြစ်ကာ မိန်းမလှတစ်ယောက် ဖြစ်သော်လည်း သူမ၏ရှေ့မှ မိန်းကလေးနှင့် ယှဉ်လျှင်ကား မှေးမှိန်ရ၏။
ဘယ်လောက်လှတဲ့ မိန်းကလေးလဲ...။ လူအများအပြားက တွေးလိုက်ကြသည်။ လူအများအပြားက မရည်ရွယ်ဘဲနှင့်ပင် အရှေ့ဘက်ပြည်နယ်၏ အလှဆုံး မိန်းမဖြစ်သည့် မှန်နန်းတော် သခင်မအား လှမ်းကြည့် လိုက်ကြသည်။ သူတို့က မိန်းမနှစ်ယောက်အား တိတ်တဆိတ် နှိုင်းယှဉ်မိကြ၏။ မှန်နန်းတော် သခင်မကလည်း ပုံမှန်အားဖြင့် အကြည့်များစွာကို ခံစားမိသည်သာ။ သို့သော်လည်း အရှေ့ဘက် ပြည်နယ်မှ နံပါတ်တစ်မိန်းမလှ ဖြစ်သည့်အလျောက် သူမအား ဤသို့သော အခြေအနေမျိုးအား နေသားကျ နေပြီဖြစ်၏။
ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်၏ မျိုးဆက် ကျောက်စီရီကား သူမ၏ ကံမကောင်းမှုကို ကိုယ်တိုင် ယူဆောင်လာခြင်း ဖြစ်သည်။
"မြေရိုင်းပြည်နယ် တော်ဝင်ကျဲနန်းတော်ရဲ့ နန်းတော်သခင်မက ပြည်နယ်ကိုးခု ညီလာခံကို ကိုယ်တိုင် ပါဝင်တိုက်ခိုက်တာလား..." ကျောက်စီရီက အရှက်ရသွားရင်းက ဆက်၍ ဝေဖန်သည်။
"ငါ့ခင်ပွန်းက နန်းတော်သခင် အဖြစ် တာဝန် မယူခင်ကတည်းက ငါက တော်ဝင်ကျဲနန်းတော်ရဲ့ တပည့်တစ်ယောက်ပဲ... အခု ငါ့တန်ခိုးအဆင့်က နိုဘယ် အဆင့်အမြင့်ဆုံးမှာ ရှိတယ်... ဘာလို့ ဝင်မပြိုင်ရမှာလဲ..." ဟွာဂျီယူက ကျောက်စီရီကို ကြည့်ကာ ဆက်ပြောသည်... "မင်းသမီးက ပြည်နယ်ကိုးခု ညီလာခံမှာ အရမ်းကို ဝင့်ကြွားလွန်းတယ်... မြေရိုင်းပြည်နယ် ဟွာဂျီယူက မင်းသမီးကို လက်ရည်စမ်းဖို့ ဖိတ်ခေါ်ပါတယ်..."
"ကောင်းပြီ... " ကျောက်စီရီကလည်း တွန့်ဆုတ်ခြင်း ကင်းစွာ ပြောသည်။ သူမက ခေါင်းညိတ် ပြီးသည်နှင့်ပင် အလင်းများက သူမကို လွှမ်းခြုံသွားပြီး သူမ၏နောက်မှ ရွှေဖီးနစ်ငှက် တစ်ကောင် ပေါ်လာသည်။