အပိုင်း (၇၈၁)ကျိဟွား
ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ရီဖူရှင်းဘက်ကို လှည့်ကာ ပြောသည်... "ကျောက်မဟာ ပြည်ထောင်က ပါရမီရှင် သုံးယောက်ကို အနိုင်ယူခဲ့တဲ့အတွက်... ရီဖူရှင်း... မင်းရဲ့ မြေရိုင်းပြည်နယ်က လူတွေ ငါ့ကို တကယ်ပဲ အံ့အားသင့်စေခဲ့တယ်... ပြည်နယ်ကိုးခု ညီလာခံကို လာရောက်တဲ့ လူတွေအားလုံးက မင်း အရူးလုပ်တာကို ခံခဲ့ရတာပဲ... မင်းက မိမိကိုယ်ကို နှိမ့်ချ ဆက်ဆံတတ်တယ်လို့ ရှီဟွာတောင် ရှန့်ထိုကိုယ်တိုင်က ယုံကြည်ခဲ့တယ်... အခုကတော့ မင်းက တော်တော် ရည်မှန်းချက် မြင့်ပုံရတယ်... အားလုံး၏အကြည့်က ရီဖူရှင်းထံကို ရောက်လာသည်။ ရီဖူရှင်းက အားလုံးကို အရူးလုပ်ခဲ့ပါသလော။
"စီနီယာ... မြေရိုင်းပြည်နယ်က ပြည်နယ်ကိုးခု ညီလာခံကို ပထမဆုံး ဝင်ပြိုင်ဖူးတာပါ... ကျွန်တော့်အတွက်လည်း ပထမဆုံးအကြိမ် မြေရိုင်းပြည်နယ် ပြင်ပကို ထွက်ဖူးတာပါ... ကျွန်တော်က အရှေ့ဘက်ပြည်နယ်ကို ရောက်တာ နှစ်တစ်ဝက်ပဲ ရှိသေးတော့ ဘယ်တော်ဝင်မြေက ဘယ်လောက် အားကောင်းတယ် ဆိုတာကိုလည်း အတိအကျ မသိပါဘူး... ကျွန်တော်က ပြည်နယ်ကိုးခု ညီလာခံကို သင်ယူဖို့ တက်ရောက် လာတာပါ... ဒီနည်းနဲ့ မြေရိုင်းပြည်နယ်က တခြား ပြည်နယ်တွေနဲ့ တန်းတူ ယှဉ်နိုင်လာပြီး တိုးတက် ထွန်းကားလာဖို့ မျှော်လင့်နေတာပါ... ဒါပေမဲ့ မြေရိုင်း ပြည်နယ်ရဲ့ တပည့်တွေ ကိုယ်တိုင်ကလည်း ကျွန်တော့်ကို အံ့အားသင့်ဖွယ် စွမ်းဆောင်ရည် ကောင်းတွေ ပေးခဲ့ကြပါတယ်..." ရီဖူရှင်းက ဘုရင်မင်းမြတ်အား တည်ငြိမ် အေးဆေးသော အမူအရာဖြင့် ပြောသည်။ အားလုံးက အခြေအနေကို ထူးဆန်းစွာ ကြည့်နေကြသည်။ ရီဖူရှင်းကား သူ၏ စကားလုံးများတွင် ရိုးသားဟန်ရကာ သူပြောသည်ကလည်း မမှားပေ။
ရီဖူရှင်းကား မြေရိုင်းပြည်နယ် အပြင်ဘက်ကို ထွက်ကာ ပြည်နယ်ကိုးခု ညီလာခံ၌ ပါဝင်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူတို့ကား ထိုအချက်ကို ဘာမှ မပြောနိုင်။
"ကျွန်မတို့က ဖြစ်လာတဲ့ အခြေအနေကို လိုက်ပြီး သူများတွေကိုချည်း အပြစ်တင်လို့ မရဘူး... မြေရိုင်းပြည်နယ်က ရှန့်ထိုမရှိလို့ သူတို့တပည့်တွေက အားနည်းမယ်လို့ အကုန်လုံး တွေးခဲ့ကြတယ်.. တကယ်တမ်း သူတို့တွေ စွမ်းဆောင်ရည် ကောင်းကို ပြသခဲ့တဲ့အချိန်မှာ နန်းတော်သခင်ရီရဲ့ လှည့်စားခြင်းကို ခံရတယ်လို့ စွပ်စွဲတာကတော့ မဖြစ်သင့်ပါဘူး..." မှန်နန်းတော်သခင်မက ပြုံးလျက် ထပ်ပြောသည်... "မြေရိုင်းပြည်နယ်က တပည့်တွေက ဒီအထိ လာခဲ့တာတောင် တော်တော် ခက်ခဲကြရမှာပဲ..."