အပိုင်း ၄၄၁ မှ ၄၅၀ အထိ

1.2K 57 0
                                    

အပိုင်း (၄၄၁) မွေးနေ့

မိန်းမလှက ပြုံးလျက် လျှောက်လာကာ လောင်လင်းအာ၏ ခေါင်းအား အသာပုတ်သည်... "လင်းအာက အခု တစ်နှစ် ကြီးသွားပြီ..."

"အမေ ... လင်းအာ ဒီလိုပွဲမျိုး မကျင်းပချင်ဘူး..." လောင်လင်းအာက လူအုပ်ကြီးကို ကြည့်ကာ ရေရွတ်သည်။ သူမက နီးကပ်သော မိသားစု မိတ်ဆွေများနှင့်သာ မွေးနေ့ပွဲကို ကျင်းပလို၏။ သို့သော် သူမ၏ အဆင့်အတန်းကြောင့် သူမတွင် တကယ့် မိတ်ဆွေများလည်း ရှားပါးလှသည်။ လူအများအပြားက သူမ၏မွေးနေ့ပွဲကို လာရောက်ကြသော်လည်း တကယ့်စိတ်ရင်းဖြင့် လာခြင်းတော့ မဟုတ်ပေ။ သူတို့က သူမ၏ အဆင့်အတန်းကြောင့် လာခြင်းမျှသာ...။

"အရူးမလေး... သမီးက သဘောကျသည် ဖြစ်စေ... သဘောမကျသည် ဖြစ်စေ နဂါးကလန်က တစ်မိသားစုတည်းပဲ..." မိန်းမလှက ညင်သာစွာ ပြောသည်။ ကောင်မလေးကား ငယ်လွန်းသေးသည်။ သူမက ကိစ္စရပ် အတော်များများကို နားမလည်သေးပေ။

လောင်လင်းအာက ခေါင်းညိတ်သည်။

"အန်တီ... လင်းအာ..." လောင်မူ လျှောက်လာသည်။

"ဟင်း..." လောင်လင်းအာက သူ့အား ဒေါသတကြီး ကြည့်ပြီး တစ်ဖက်ကို လှည့်သွားသည်။

"မင်းက ငါ့ကို စိတ်ဆိုးနေတုန်းလား..." လောင်မူက မေးသည်။

"လင်းအာ... အဲဒီလို မလုပ်နဲ့..." သခင်မလောင်၏အသံက လေးနက်သွားသည်။ လောင်မူကား သူတို့ အစ်ကိုကြီး၏ မျိုးဆက် ဖြစ်သည်။

"အမေ... ဘာလို့ သူ့ဘက်က အမြဲတမ်း ပါတာလဲ..." လောင်လင်းအာက မျက်တောင် တဖျတ်ဖျတ် ခတ်ကာ ပြောသည်။

"ဘာဖြစ်လို့လဲ... မင်းအစ်ကိုက ဘာလုပ်လိုက်လို့လဲ..." သခင်မလောင်က မေးသည်။

"သူ့ကို မေး..." လောင်လင်းအာ၏ပုံဟန်က စိတ်မကောင်း ဖြစ်နေဟန် ရသည်။

"အန်တီ... လင်းအာက နတ်ဗိမာန် အိမ်တော်ကို ဝယ်တာ သိပါသလား..." လောင်မူက မေးသည်။

"အင်း... ငါကြားတယ်...." သခင်မလောင်က ခေါင်းညိတ်သည်။ ထိုသို့သော ကိစ္စအား သူမက မည်သို့ မသိဘဲ နေမည်နည်း။

"ကျွန်တော်က နတ်ဗိမာန် အိမ်တော်ကို သွားပြီး အဲဒီလူကို ထွက်သွားဖို့ ပြောခဲ့တယ်... ဒါကြောင့် လင်းအာက စိတ်ဆိုးနေတာ..." လောင်မူက မသက်မသာ ပြုံးကာ ပြောသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Onde histórias criam vida. Descubra agora