စာစဉ် (၁၄၁)

1.4K 35 1
                                    

အပိုင်း(၁၉၉၉)ချီးကျူးခြင်း

လိပ်တောင်ကုန်းထိပ်တွင် နန်ဘုံနတ်နန်းကဲ့သို့ အငွေ့အသက်များ လွှမ်းမိုးနေသော ခြံဝင်းတစ်ခုရှိသည်။ ထိုနေရာတွင် အဆောက်အဦးတချို့ ဆောက်လုပ်ထား၏။ ၄င်းကား အင်ပါယာရှီနှင့် သူ၏လူများ နေထိုင်ရာနေရာဖြစ်သည်။

ထိုနေရာကား ကြီးမားကာ ရီဖူရှင်းနှင့် သူ့မိတ်ဆွေများ ဝင်သွားသောအခါ သူတို့သည် အေးအေးလူလူစကားပြောနေကြသော လူအမြောက်အများကို မြင်တွေ့ကြရသည်။

"ဆေးအင်ပါယာ..." ရီဖူရှင်းက ထင်သာမြင်သာရှိသော လူတစ်ယောက်အား တွေ့မြင်သည်။ ဆေးအင်ပါယာကား တခြားထူးခြားသော ပုဂ္ဂိုလ်တချို့နှင့်အတူ ရောက်နေပြီးဖြစ်သည်။ သူတို့မှာ ဆေးအင်ပါယာနှင့် အဆင့်အတန်းတူ တန်ခိုးရှင်များ ဖြစ်ဟန်ရှိသည်။ သူတို့မှာ တုန်းဟွာပိုင်နက်အတွင်း၌ ခေါင်းဆောင်များဖြစ်ကြောင်း လူတိုင်းက ပြောနိုင်သည်။

သူတို့က ထူးခြားသော နည်းလမ်းဖြင့် ရောက်လာခဲ့ကြ၏။ သူတို့တည်ရှိခြင်းကို အပြင်မှ လူများ မသိကြပေ။ မည်သူမှလည်း ဤနေရာ၌ နတ်အာရုံကို အသုံးပြုကာ ခိုးကြည့်ရဲကြမည် မဟုတ်ပေ။ ၄င်းက အင်ပါယာရှီအပါအဝင် စီနီယာတန်ခိုးရှင်များအား မလေးမစားရာ ကျရောက်ပေသည်။

ရီဖူရှင်းက သူတို့ရှိနေရာကို လှမ်းကြည့်ကာ အုပ်စုအတွင်းမှ လူတစ်ယောက်အား တွေ့မြင်သည်။ သူကား ရိုးရှင်းသော ဝတ်စုံကို ဝတ်ထားကာ အသက်ငါးဆယ်ဝန်းကျင် ရုပ်ရည်ရှိ၏။ သို့သော်လည်း သူသည် တက်ကြွလန်းဆန်းနေကာ ဘေးပတ်ဝန်းကျင်မှ လူများအား သက်တောင့်သက်သာဖြစ်စေသော အငွေ့အသက်ကို ပေးသည်။

စိတ်ဝင်စားစရာကောင်းသည်ကား သူ့ထံမှ မည်သည့်အရှိန်အဝါကိုမှ မခံစားရခြင်းပင်။ သူကား သာမန်လူတစ်ဦးကဲ့သို့ ထင်မြင်ရသော်လည်း ထိုနေရာတွင် ရပ်နေသော ထိုလူသည် မည်သည့်နည်းနှင့်မှ သာမန်လူ မဖြစ်နိုင်ပေ။

အင်ပါယာရှီ...။ ရီဖူရှင်းက တွေးလိုက်သည်။ သူကား ပြီးပြည့်စုံသော မဟာလမ်းစဉ်ကို ပိုင်ဆိုင်ကာ နတ်ဘုရားကဒ်ဘေးကို ကျော်ဖြတ်ရတော့မည့်သူလည်း ဖြစ်သည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Donde viven las historias. Descúbrelo ahora