အပိုင်း ၆၂၁ မှ ၆၃၀ အထိ

1.4K 46 7
                                    

အပိုင်း (၆၂၁)အာခီမီညီလာခံစတင်ခြင်း

ရီဖူရှင်းတို့အဖွဲ့က သူတို့၏လောင်းကြေးများကို ထုတ်ယူပြီးနောက် အာခီမီ လောင်းကစားရုံမှ ထွက်ခွာ သွားကြသည်။ သူတို့အားလုံးက မိမိတို့ကိုယ်ပိုင် သိဒ္ဓိဝင် လက်နက်များကို ပိုင်ဆိုင်ခဲ့ကြပြီး အာခီမီ လောင်းကစားရုံမှ ရွှင်တပြုံးပြုံးဖြင့် ထွက်လာကြ၏။

အကြီးအကဲက သူတို့ကို ထွက်ပေါ်သို့အထိ လိုက်ပို့ကာ ရီဖူရှင်းတို့ နောက်တစ်နေ့တွင် လာရောက်ဦးမည်လော မေးသည်။ သို့သော် ရီဖူရှင်းက ငြင်းပယ်ခဲ့သည်။ သူတို့တွင် လုံလောက်သော သိဒ္ဓိဝင် လက်နက်များ ရှိနေပြီး ဖြစ်သည်။ ထို့နောက် သူက အကြီးအကဲအား စိတ်အား ထက်သန်စွာဖြင့် ကျေးဇူးတင်သည်။ အကြီးအကဲ၏ မျက်လုံးများထဲမှ မခံချိမခံသာဟန်က ရီဖူရှင်းအတွက် မမေ့နိုင်စရာပင်။

အကြီးအကဲကား အလွန်အမင်း နာကျင်ရသည်။ သူက တော်ဝင်ကျဲ နန်းတော်၏ တပည့်များကို မူလကတည်းက အထင်ကြီးခဲ့သည်။ သို့သော်လည်း လီဖူတုတို့ အုပ်စုနှင့် ရင်ဆိုင်ရာတွင် အခြေအနေကို မှားယွင်းစွာ သုံးသပ်မိခြင်းက သူ့အတွက် ဆုံးရှုံးမှုကြီးမား စေခဲ့သည်။ အကယ်၍ သူတို့ကသာ မူလ တစ်လေးတစ်လေး ပေါက်ကြေးကို သည်အတိုင်းထားခဲ့ပါက သူတို့က များစွာ အကျိုးအမြတ်ရခဲ့မည် ဖြစ်သော်လည်း ယခုကား နောင်တရရုံမှလွဲ၍​ ဘာမှ မတတ်နိုင်တော့...။

တိုက်ပွဲသတင်းက အာခီမီမြို့ကို မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့သည်။ လူအများကလည်း ထိုကိစ္စနှင့် ပတ်သက်၍ ပြောဆို ဆွေးနွေးကြ၏။ မီးတောက်အင်ပါယာ နန်းတော်မှ လီဖူတုက ယွီမိန်လိုလူနှင့် ပူးပေါင်းခဲ့သော်လည်း လွန်ခဲ့သော သုံးနှစ်က တော်ဝင်ကျဲ နန်းတော်ကို ဝင်ခဲ့သူများအား ရှုံးနိမ့်ခဲ့သည်။ တော်ဝင်ကျဲ နန်းတော်က မြေရိုင်းဒေသ တစ်ခုလုံး၏တန်ခိုးကျင့်ခြင်း ကောင်းကင်ဘုံဟူသော နာမည်နှင့် အမှန်ပင် လိုက်ဖက်ပေသည်။

ဤသို့ဖြင့် အားလုံးက စိတ်လှုပ်ရှားစွာ စောင့်စားနေခဲ့ကြသော အာခီမီ ညီလာခံလည်း ရောက်ရှိလာခဲ့သည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Tempat cerita menjadi hidup. Temukan sekarang