စာစဉ် (၁၄၅)

960 29 1
                                    

အပိုင်း(၂၀၅၆)ချိပ်ပိတ်ခံထားရသော လေဟာနယ်

ချန်ယိက ရီဖူရှင်း၏ တွေဝေနေမှုအား သတိပြုမိကာ ပြောလိုက်သည်။ "စိတ်မ​ပူနဲ့။ မိစ္ဆာနတ်ဘုရားမျှော်စင်က တောင်တန်းထဲက တားမြစ်နေရာမှာ တည်ရှိတာ။ နယ်မြေသခင်တောင်မှ အဲဒါကို ဘာမှမလုပ်နိုင်ဘူး။ တားမြစ်နေရာကိုလည်း ဘယ်သူမှ မချဥ်းကပ်နိုင်ဘူး။ နတ်ဆိုးသားရဲတွေ အားလုံးလည်း အဲဒီမှာ ရှိနေတာမို့ တော်ဝင်ယန်နဲ့ လင်းရှောင်နန်းတော်က လူတွေ သတိမမူဘဲ လှုပ်ရှားရဲမှာ မဟုတ်ဘူး။ ပြီးတော့လည်း အန္တရာယ်နဲ့ တွေ့ခဲ့ရင်တောင် ငါ ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်တယ်။"

ရီဖူရှင်းက အလင်းဒြပ်စင်မှော်လက်နက်ကို ပိုင်ဆိုင်ထားပုံပေါ်သော ပြိုင်ဘက်ကင်း အရှိန်နှင့် ချန်ယိကို ကြည့်လိုက်သည်။

"မိစ္ဆာနတ်ဘုရားမျှော်စင်နဲ့ ပတ်သတ်ပြီး နယ်​မြေသခင် ဘာမှ မလုပ်နိုင်ဘူးဆိုတာ ခင်ဗျား ဘယ်လိုသိတာလဲ" ရီဖူရှင်းက ချန်ယိကို မေးလိုက်သည်။ ချန်ယိက သိသင့်သည်ထက် ပိုသိနေပုံပေါ်သည်။

"နယ်မြေသခင်သာ အဲဒီမိစ္ဆာနတ်ဘုရားမျှော်စင်ကို ဘယ်လိုအသုံးပြုမယ်မှန်းသိရင် ဒါက ဘာလို့ လျှို့ဝှက်နယ်မြေထဲ ရှိနေဦးမှာလဲ။ သူက အဲဒါကို လုယက်လာတာ အချိန်အကြာကြီးတောင် ရှိနေတော့မယ်။ နယ်မြေသခင်က လူကောင်းလို့တော့ မင်း ယုံကြည်နေတာ မဟုတ်ဘူးမလား။" ချန်ယိက ပြောလိုက်သည်။ "ကောင်းကင်ဒေသအတွင်းက နယ်မြေ ၁၈ ခုရဲ့ နယ်မြေသခင်တွေက အချိန်အကြာကြီး အသက်ရှင်လာတဲ့ အစွမ်းထက်ဆုံး မိစ္ဆာအိုကြီးတွေပဲ။ သူတို့က ကောင်းကင်လမ်းစဥ်ရဲ့ ကန့်သတ်ချက်ကနေ လွတ်မြောက်ပြီး အမြင့်ဆုံး ကျင့်ကြံဆင့်ကို တက်လှမ်းနိုင်ဖို့ ရည်ရွယ်ချက်ရှိသလို အံ့သြစရာကောင်းလောက်အောင် လွှမ်းမိုးမှုလည်း ရှိကြတယ်။ သူတို့က ကျင့်ကြံခြင်းအတွက် အကျိုးရှိစေမယ့်အရာဆို အသုံးပြုလိုက်ဖို့ တွေဝေနေမှာ မဟုတ်ဘူး။"

"သူတို့ကို ဆွဲဆောင်နိုင်တဲ့ အရာက လောကကြီးထဲမှာ နည်းနည်းပဲ ရှိတယ်။ သူတို့က အထွတ်အထိပ် လမ်းစဥ်အကြောင်းပဲ အာရုံစိုက်ကြတာ။"

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Donde viven las historias. Descúbrelo ahora