စာစဉ် (၁၀၉)

1K 41 1
                                    

အပိုင်း(၁၅၅၆)ဓား၈၁လက်ကို နားလည်ခြင်း

ရီဖူရှင်း ထိုနေရာမှထွက်လာပြီး ဓားတရားတောင်သို့ ဦးတည်လိုက်သည်။ သူက ဤခရီးသို့ ထိုက်ရွှမ်တောင်မှ ဓားသမားအဖြစ် လာခဲ့ခြင်း ဖြစ်သည်။ ရာရာအပြင် သူ ခင်မင်သိကျွမ်းခဲ့သည့် ဝမ်ရှိုးရီ၊ လော့ယွဲ့နှင့် ဖီးနစ်လေးကဲ့သို့သော ထိုက်ရွှမ်တောင်မှ အခြားသူများလည်း သူနှင့်ပါလာ၏။ ဖီးနစ်လေးနှင့် အခြားသူ တော်တော်များများသည် ဓားစွမ်းရည် ကျင့်ကြံသော နေရာဖြစ်သည့် ဓားတရားတောင်တွင် ကျင့်ကြံနေခဲ့ကြသည်။

ထိုက်ရွှမ်တောင်မှ အခြားသူများကတော့ သူနှင့် သက်ဆိုင်ခြင်းမရှိသည့်အတွက် သူ မသိရှိပေ။

နတ်ဘုရားနန်းတော်မှ တပည့်များသည် ဆက်လက်စုဝေးလာနေပြီး သူ့ဘေးသို့ ချဉ်းကပ်လာကြ၏။ အချို့သော တပည့်များက သူ့အနားကပ်လာကာ မေးလိုက်သည် "ရှန်ကျင်း.. မင်း တကယ်ပဲ ဘိုးဘေးနယ်မြေကို ဝင်ရောက်ခဲ့တာလား"

နတ်ဘုရားနန်းတော်တွင် ထိုသတင်းမှာ အုတ်အုတ်ကြွတ်ကြွတ်ဖြစ်စေခဲ့၏။ သူတို့က ဘိုးဘေးနယ်မြေသို့ ဝင်ရောက်ရန်မှာ မည်မျှ ခက်ခဲကြောင်း သိရှိကြပေသည်။ ယခု ရီဖူရှင်းက ဘိုးဘေးနယ်မြေသို့ ဝင်ရောက်ခဲ့သည်ဟု ဆိုနေသည်။ နတ်ဘုရားနန်းတော်မှ တပည့်များ မည်သို့ မထိတ်လန့်ဘဲ နေမည်နည်း။

အပြင်လူတစ်ဦးက နတ်ဘုရားနန်းတော်၏ဘိုးဘေးနယ်မြေကို ခြေချခဲ့သည်လား။

နတ်ဘုရားနန်းတော်မှ အကြီးအကဲများက သူ့ကို မတားဆီးခဲ့သည်လား။

ဘိုးဘေးနယ်မြေမှ ဟွမ်ကျုံးကလည်း ရီဖူရှင်းကို မတားဆီးခဲ့သည်လား။

ဟွမ်ကျုံး၏ အဆင့်မှ ခွန်အားနှင့် ရန်ဟောင်အဆင့်အောက်မှ သူတစ်ယောက်ကို မဖိနှိပ်နိုင်သည်လား။

"ဘယ်လိုအဖြေမျိုးကို ရဖို့ မျှော်လင့်ထားလဲ" ရီဖူရှင်းက တစ်ဖက်လူကို ကြည့်လိုက်သည်။ သူက ပြန်ဖြေရန် ဆန္ဒမရှိပေ။

သူက မသွားခဲ့ဟု ပြောလျှင်လည်း မည်သူကမှ သူ့ကို ယုံကြည်လိမ့်မည် မဟုတ်ပေ။ သို့ဆိုလျှင်ပင် သူ့တွင် စကားစမြည်ပြော၍ အချိန်ဖြုန်းလိုစိတ်မရှိ။ နတ်ဘုရားနန်းတော်မှ လူများ သူတို့ ဆန္ဒရှိသလို တွေးထင်နိုင်သည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}حيث تعيش القصص. اكتشف الآن