အပိုင်း ၆၁ မှ ၇၀ အထိ

1.6K 73 1
                                    

အပိုင်း(၆၁)ရှင်က ယောက်ျားမဟုတ်ဘူး

လာဘ်လာဘကျောင်းဆောင်မှ ရီဖူရှင်းက ယန်းယန်ကျောင်းဆောင်မှ ဂျင်ယန်အား ပြင်းထန်စွာ ရိုက်နှက်ပြီး အနိုင်ယူလိုက်သော သတင်းက တစ်နေ့တည်းမှာပင် ကျောင်းတော်တစ်ခုလုံး တောမီးအလား ပျံ့နှံ့သွားသည်၊ သတင်းတစ်ခုလုံးအား အသေးစိတ် သိရှိကြပြီးနောက် လူတိုင်းက အချင်းချင်း တီးတိုး ဝေဖန်နေကြသည်။

ဂျင်ယန်က သူ၏ကျောင်းဆောင်၏ဂုဏ်သိက္ခာအား ပြန်လည် ဆယ်ယူချင်သည်၊ သို့သော်လည်း သူကား ဆိုးရွားစွာ အနိုင်ယူခံခဲ့ရသည်၊ သူကား ကာကွယ်ရန်ပင် အချိန်မရခဲ့၊ ထိုအချက်များက ဂျင်ယန်အား လူအများ၏ ရယ်စရာဖြစ်စေသည်၊ သူက ယခင်က ရီဖူရှင်းအား သူ၏စိန်ခေါ်မှုကို ရှောင်ဖယ်နေခဲ့သည့်အတွက် ငကြောက်ဟု သတ်မှတ်ခဲ့သည်၊ သည်တစ်ကြိမ်တွင်ကား သည်အရှက်ခွဲခံရခြင်းမှ ပြန်လည်၍ သက်သာလာမည့် နည်းလမ်း မရှိတော့ပေ၊ ဂျင်ယန်အတွက်သာ မဟုတ်၊ ယန်းယန်ကျောင်းဆောင် အတွက်လည်း အတူတူ ဖြစ်ပေသည်။

ယန်းယန်ကျောင်းဆောင်မှ ကျောင်းသားများမှာ ကျောင်းဝင်းအတွင်း သွားလာလျှင် တခြား ကျောင်းသားများ၏ ဝေဖန်ပြောဆိုမှုများအား ခံစားကြရသည်၊ သူတို့ကား အမှန်တကယ် အရှက်ကွဲကြရပြီ၊ သူတို့က ရီဖူရှင်းအား အရှက်ခွဲခြင်းဖြင့် သူတို့၏ဂုဏ်သိက္ခာများအား ပြန်ဆည်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့်လည်း သူတို့ပြောခဲ့သမျှ ယခု လူပုံအလယ် ရယ်စရာဖြစ်ခဲ့ရ၏။ ယခုမူ သူတို့၏ လက်စားချေရန် အကြံအစည်ကား လုံးဝမဖြစ်နိုင်တော့ပေ၊ ရီဖူရှင်းကား သူတို့လက်လှမ်းမမီသည့် ပါရမီရှင်ဖြစ်ပေသည်။

ယန်းယန်ကျောင်းဆောင်မှ ကျောင်းသားများသာလျှင် ထိုသို့ တွေးကြသည် မဟုတ်ပေ၊ ဒွန်ဟိုင်ကျောင်းတော်မှ လူတိုင်းက ထိုသို့ တွေးကြသည်၊ ရီဖူရှင်းကား ရုပ်ဖျက်ထားသော မိစ္ဆာကောင် ဖြစ်ပေသည်။

ကြယ်စင်ဧကရာဇ် ကျောင်းဆောင် အတွင်းတွင် ဟွာဂျီယူကား သူမ၏အခန်းထဲတွင် ထိုင်နေသည်၊ ရှာယူယန်မှာလည်း သူမ၏ဘေးတွင် ရှိနေသည်၊ သူတို့က ရီဖူရှင်းနှင့် ဂျင်ယန်တို့၏ တိုက်ပွဲအကြောင်းကို ပြောနေကြခြင်း ဖြစ်သည်၊ ဟွာဂျီယူက ပြုံးလျက်ပင် မေးလိုက်သည်..." နင်ဆိုလိုတာက သူတို့က သွားပြီး အရှက်ခွဲခံတာပေါ့..."

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Donde viven las historias. Descúbrelo ahora