အပိုင်း (၁၉၇၂)ကြားညပ်ခြင်း
တုန်းရှောင်းကုန်းမြေတွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ထိပ်တန်းမြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာပြီးနောက် ဆေးအင်ပါယာက ဤနေရာ၌ စတင် သင်ကြားပို့ချပေးခဲ့သည်။ နှစ်ပေါင်းများစွာအတွင်း မရေတွက်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်များက ကျင့်ကြံရန် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်လာကြ၏။
ထိုအချိန်တွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရှိ အဆောက်အဦးများထဲမှ တစ်ခုတွင် ရပ်နေသော ရန်ဟောင်များစွာ ရှိသည်။ သူတို့က မတူညီသည့် နေရာများ၌ ရပ်နေကြသည်။
သူတို့၏ မျက်လုံးများက ရှေ့တွင်ရှိနေသော ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွင်းရှိ ကောင်းကင်နှင့်မြေပြင်ကို ဖုံးကွယ်ထားသည့် ဝင်္ကပါအစီအရင်ကို မမှိတ်မသုန် ကြည့်နေကြသည်။ သူတို့က ဝင်္ကပါအစီအရင်အတွင်းမှ လေဟာနယ်လောကတွင် ဖြစ်ပျက်နေသမျှအရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။ ရန်ဟောင်များက အစွမ်းထက် မဟာလမ်းစဥ် အရှိန်အဝါတို့ကို ထုတ်လွှတ်ကာ အချိန်နှင့်အမျှ လေဟာနယ်ကမ္ဘာအား တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
"ဒီတစ်ခေါက် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှာ လမ်းစဥ်ရှာဖွေဖို့ အစွမ်းထက်တန်ခိုးရှင် ဘယ်နှစ်ယောက်လောက် ရောက်လာကြမလဲ မသိဘူး။" ရန်ဟောင်တစ်ပါးက ပြုံးကာ ပြောလိုက်သည်။ သူက ပြောလိုက်ပြီး လက်ကို မြှောက်ကာ တိုက်ခိုက်လိုက်သည်။ ဝင်္ကပါအစီအရင်အတွင်းသို့ ကြီးမားသော စေတီတစ်ဆူကျဆင်းလာကာ သူနှင့်အဆင့်တူ ရန်ဟောင်တစ်ပါးကို တိုက်ခိုက်လိုက်သည်။
ထိုဝင်္ကပါအစီအရင်သည် လမ်းစဥ်ရှာဖွေသူများ၏ တိုက်ပွဲစွမ်းရည်ကို စမ်းသပ်ခြင်း ဖြစ်သည်။ သူတို့သည် အဆင့်တူသော လူများကို ရွေးချယ်ကာ စမ်းသပ်လိမ့်မည် ဖြစ်သည်။ သို့ပေမယ့် ဤသည်က တရားသေ သတ်မှတ်ချက် မဟုတ်ပေ။ သူတို့က အစွမ်းထက် တန်ခိုးရှင်များနှင့် ရင်ဆိုင်ကြုံတွေ့လျှင် သူတို့ ဆန္ဒရှိသရွေ့ တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သည်။ သို့သော် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အစွမ်းထက်ဆုံးလူများက လမ်းစဥ်တိုက်ပွဲအတွင်း မည်သူက အားကောင်းပြီး မည်သူက သန်မာသည်ကို မြင်တွေ့နိုင်ကြပေသည်။