အပိုင်း (၉၅၈)ကူးခပ်ခြင်း သို့မဟုတ် နစ်မြုပ်ခြင်း
ရီဖူရှင်းကား ရှီဟွာတောင် ရှန့်ထိုအား ပြန်ဖြေကြားရန် အာရုံမရှိပေ။ သူ၏ မျက်လုံးများက မဟာ လမ်းစဉ် စွမ်းအားများ ထုတ်လွှတ်လျက် ရှိသော ရုပ်တုကို စူးစိုက် ကြည့်နေသည်။ ရုပ်တုတစ်ခုစီက မဟာလမ်းစဉ်၏ ကွဲပြားခြားနားသော စွမ်းအင်များ၊ ဓား၊ ခွန်အား၊ ဓားသဘာဝများနှင့် ဖျက်ခြင်း ... စသည်တို့အား ထုတ်လွှတ် နေကြသည်။ အထူးထူး အပြားပြားသော ဖိအားများ လေထုထဲ ပြွတ်သိပ်နေကာ တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ထိမိလျှင် ကောင်းကင်ဘုံမှ ဖိအားများ အရာအားလုံးကို လာရောက် ဖျက်ဆီးသည်နှင့် တူ၏။
ထို့အပြင် ကျင့်ကြံခြင်း အဆင့်မြင့်လေလေ သူခံစားရသော ဖိများအား မြင့်လေလေ ဖြစ်သည်။ ရှီဟွာတောင် ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့မှာ ထိုအခိုက်တွင် သူတို့ ခံစားနေရသော ဖိအားများ မည်မျှ ကြီးမားသည်ကို သူတို့သာ သိပေသည်။
ရှီဟွာတောင် ရှန့်ထို၏ အမူအရာက အေးစက် နေသော်လည်း ရီဖူရှင်းကား သူ့ကို လျစ်လျူရှု ထားသည်။
"အားလုံး ... ဒီသင်္ချိုင်းဂူက ရန်ဟောင် တစ်ပါးရဲ့ဂူ ဖြစ်ဖို့များတယ်။ ခင်ဗျားတို့ အားလုံး သူ့နောက်ကို လိုက်လာတာကလည်း သူတို့က ဝင်ပေါက်ကို သိမယ်လို့ သံသယဝင် ကြလို့မလား။ တကယ်လို့ ကျုပ်တို့ ဘာမှ မလုပ်ဘဲ ရပ်ကြည့်နေရင် နောက်ပိုင်း ကျုပ်တို့အတွက် ဘာမှ ကျန်မှာ မဟုတ်ဘူး...." ရှီဟွာတောင်ရှန့်ထိုက ဆက်ပြောသည် ... "ပြီးတော့ တခြားလူတွေ ထပ်ရောက်လာခဲ့ရင် ကျုပ်တို့ ဒီမှာ ဆက်ရှိနေလည်း အလကား ဖြစ်သွားမှာပဲ"
ရှားရှင်းယွန်နှင့် တခြားလူများမှာ ဘုရား ကျောင်းဆောင်၌ ရှိနေကြရာ အကယ်၍ မင်းသမီးသာ သည်နေရာသို့ ရောက်လာပါက သူတို့မှာ ဘာမှ တတ်နိုင်တော့မည် မဟုတ်ပေ။
ထိုအခိုက်တွင် လူတစ်ယောက် ရှေ့သို့ တက်လာ၏။ ပိန်သွယ်ကာ အဖြူရောင် ဝတ်ထားသော ထိုလူ၏ မျက်လုံးများမှာ အလွန်တရာ စူးရှသည်။ သူ့ခန္ဓာက အလင်းတန်းသွင်ဖြင့် ရီဖူရှင်းထံသို့ ပျံသန်း သွားသည်။ သူကား ပြည်နယ်ကိုးခု ရှီအဆင့်၌ နံပါတ်(၂)တွင် ရှိသော တော်ဝင်အလင်း နန်းတော်မှ ကျိရာ ဖြစ်သည်။