အပိုင်း ၅၁ မှ ၆၀ အထိ

1.5K 68 0
                                    

အပိုင်း(၅၁)ခင်ဗျားက သူ့နာမည်ကို ပြန်သတိရလာလိမ့်မယ်

အတန်ကြာငိုပြီးမှ ဟွာဂျီယူက သူမ၏အဖေအား ကြည့်ကာ မျက်လုံးများ နီရဲလျက် မေးလိုက်သည်... "အဖေ... သမီး ထွက်သွားပြီး ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ..."

"အရူးမလေး... ဒါတွေက ပြီးသွားခဲ့ပြီ... ငါအခု အန္တရာယ်ကင်းကင်းနဲ့ ထိုင်နေတာ မတွေ့ဘူးလား..." ဟွာဖန်းလူက သူမအား ညင်သာစွာ နှစ်သိမ့်လိုက်သည်။

ဟွာဂျီယူက မတ်တတ်ရပ်လိုက်ပြီး ရီဖူရှင်းအား ကြည့်လိုက်သည်... "ဘာဖြစ်ခဲ့တာလဲ..."

"မြေခွေးမ... ဆရာကို ဂရုမစိုက်နိုင်ခဲ့တဲ့ ငါ့အပြစ်တွေပဲ... နင်ထွက်သွားပြီးတော့... သားရဲအုပ်တွေက ချင်းကျူမြို့ကို ကျူးကျော်လာခဲ့တယ်... လူတချို့က ငါ့ကို သတ်ချင်ခဲ့တယ်... ဆရာက ငါ့ကို ကာကွယ်ရင်း ဒီလို အခြေအနေမျိုး ဖြစ်သွားခဲ့တာ..." ရီဖူရှင်းက ပြောလိုက်သည်။ သူကား ဖြစ်ပျက်ခဲ့သမျှ မိမိကိုယ်ကို အပြစ်မကင်းသလို ခံစားနေရဆဲဖြစ်သည်။ ထို့အပြင် ရှာဖန်မှာ သည်မြို့တော်တွင် ရှိနေဆဲဖြစ်သည်ကို သတိရလိုက်သည်။ သူကား သည်ကိစ္စအတွက် ရှာဖန်ကို လက်စားချေရဦးမည်။

"ဒါက ရီဖူရှင်းရဲ့ အမှားမဟုတ်ဘူး... အဲဒီအချိန်က သူသာ ကံမကောင်းရင် တီအန်ယွာတောင်မှာ ကတည်းက သူသေပြီ... ငါက ဒေါသကြီးတာ နင်လည်းသိတာပဲ... ငါက သူ့အတွက် လက်စားချေချင်ခဲ့တာ... ဒါပေမဲ့ ငါက အသုံးမကျဘူး... ရန်သူကို မသတ်နိုင်ခဲ့တဲ့အပြင် ငါ့ကိုယ်ငါလည်း အခြေအနေ ဆိုးရွားစေခဲ့တယ်..." သူက ပြုံးလျက် ပြောလိုက်သည်။

"ဒါတကယ်လား..." ဟွာဂျီယူက ရီဖူရှင်းအား မေးလိုက်သည်။ ရီဖူရှင်းက အသာအယာ ခေါင်းညိတ်လိုက်သည်။

သူမက နောက်တစ်ကြိမ် မျက်ရည်ကျလာပြန်သည်။ သူမက ရီဖူရှင်းထံသို့ လှမ်းသွားလိုက်ပြီး ရီဖူရှင်း၏ရင်ခွင်တွင် အသာအယာ မှီလိုက်ကာ တိုးတိုးလေး ပြောလိုက်သည်... "အန္တရာယ်ထဲသို့ ရောက်အောင် ဘယ်သူက ခွင့်ပြုလဲ... နင်သေသွားရင် ငါဘာလုပ်ရမှာလဲ..."

ဟွာဂျီယူကား ရှိုက်ကြီးတငင် ငိုကြွေးနေသည်။ သူမ၏အဖေ ဒဏ်ရာပြင်းထန်စွာ ရခြင်းနှင့် ရီဖူရှင်း သေလုနီးပါး ဖြစ်သွားခြင်းက သူမအား အလွန်အမင်း ထိတ်လန့်စေသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Où les histoires vivent. Découvrez maintenant