အပိုင်း ၁၅၁ မှ ၁၆၀ အထိ

1.5K 66 5
                                    

အပိုင်း (၁၅၁)ချင်းမုန်မြို့

ထိုပုံစံအတိုင်းပင် ရီဖူရှင်းနှင့် ယူချင်းတို့က ခရီးဆက်နေကြသည်။ သူတို့က ခရီးသွားသည့် လမ်းတစ်လျှောက်တွင် သတ္တဝါဆန်း အမျိုးမျိုးကို တွေ့သော်လည်း လူတစ်ယောက်မှ မတွေ့ရပေ။

သိမ်းငှက်နက်ပေါ်မှ ယူချင်းက မေးသည်... "ကံစွမ်းအားကို မင်းသိလား..."

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ "ကံစွမ်းအင်ဆိုတာ စိတ်စွမ်းအင်နဲ့ ဆင်တူတယ်... သတ္တဝါတစ်ကောင်က လေဓာတ်သဘာဝနဲ့ ပေါင်းစပ်နိုင်တယ် ဆိုပါစို့... ဒါက ထူးဆန်းတဲ့ တစ်နေရာရာက အားကောင်းတဲ့ လေဓာတ် စိတ်စွမ်းအင်ကို သူက ရရှိခဲ့လို့ပဲ... ဒါမှမဟုတ် သူက ဒီဓာတ်သဘာဝကို ပိုင်ဆိုင်တဲ့ တစ်စုံတစ်ခုကို သူစားမိလို့ပဲ... အဲဒီစွမ်းအင်က နောက်ပိုင်း ကံစွမ်းအားအနေနဲ့ ပြောင်းလဲသွားတယ်... ကံစွမ်းအားက လုံလောက်တဲ့ အတိုင်းအတာ တစ်ခုကို ရောက်ရှိတဲ့အခါ အဲဒီကံစွမ်းအားက နိုဘယ်ကံစွမ်းအားအဖြစ် ပြောင်းလဲသွားတယ်... ကံစွမ်းအားကို ပိုင်ဆိုင်တဲ့ တန်ခိုးရှင်တစ်ယောက်ဟာ အနာဂတ်မှာ စွမ်းအားမြင့်တဲ့ နိုဘယ်တန်ခိုးရှင်ဖြစ်ဖို့ အခွင့်အရေးရှိတယ်... ဒါပေမဲ့ ဒီဖြစ်စဉ်က အသိပညာကို ဘယ်လောက်အထိ ဖမ်းဆုပ်မိနိုင်တဲ့ အပေါ်မှာလည်း မူတည်သေးတယ်လို့ ငါထင်တယ်..." ရီဖူရှင်းက တစ်ကြိမ်တစ်ခါက ဧကရာဇ် စိတ်စွမ်းအားကို ခံစားမိဖူးရာ ကံစွမ်းအားကို ခွဲခြမ်းစိတ်ဖြာကာ ပြောပြသည်။ ခံစားချက်ကား တူညီ၏။

"ဒါဆို မင်းက သတ္တဝါတွေမှာ ရှိတဲ့ ကံစွမ်းအားကို မြင်ရတာပေါ့..." ယူချင်းက မေးသည်။

"သူတို့က ဒီအမျိုးအစား စွမ်းအင်ကို ဖော်ထုတ်သရွေ့ ဒါက ကံစွမ်းအား ဟုတ်မဟုတ် အလွယ်တကူ သိနိုင်တယ်..." ရီဖူရှင်းက ပြုံးလိုက်သည်။ သိမ်းငှက်နက်က ရှေ့ကို ဆက်လက် ပျံသန်းသည်။ သူတို့ခရီးလမ်း တစ်လျှောက်တွင်လည်း မီးပုံများနှင့် အသားနံ့များ ကျန်ရစ်သည်သာ။

သူတို့၏ခရီးတွင် အစားအစာများကား လုံးဝ မရပ်တန့်ခဲ့ပေ။ သူတို့ခန္ဓာကိုယ် အတွင်းမှ ကံစွမ်းအားတို့မှာလည်း တဖြည်းဖြည်း ပိုမိုများပြားလာသည်။ ထိုကံစွမ်းအားကို သူတို့၏ ကိုယ်ပိုင် စွမ်းအားများနှင့် ပေါင်းစပ်၍ ရကြောင်း ရီဖူရှင်းနှင့် ယူချင်းတို့ လေ့လာ တွေ့ရှိခဲ့ကြသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Donde viven las historias. Descúbrelo ahora